ပါဂျောင်မီဒီယာ
၃၀၊ ၇၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_259d21d070ee4b5ebda6b0011393103d~mv2.jpg/v1/fill/w_611,h_408,al_c,q_80,enc_auto/c187ce_259d21d070ee4b5ebda6b0011393103d~mv2.jpg)
ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်လုံး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ပြတ်တောက်သွားပြီးနောက် ဖားကန့်မြို့နယ် လူထုများ Star link နဲ့ IP Star တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တုံကင်စနစ်နဲ့ တန်းစီနေပြီး တစ်နာရီးကို ၂ သောင်းကျပ်ပေးပြီး သုံးပြုနေရတယ်လို့ ဒေသခံ လူထုကနေတဆင့် ကြားသိရပါသည်။
“တခါသုံးရဖို့ တစ်နာရီ နာရီဝက်လောက် စောင့်ရတယ်။ တုံကင်နံပါတ် ကြိုယူထားရတယ်။ အချိန်နည်းနည်းနောက်ကျတာနဲ့ တခြားလူ ကိုယ့်နေရာဝင်ယူလိုက်တယ်…ကိုယ်က တုံတင်နံပါတ်ပြန်ရဖို့ အချိန်ပြန်စောင့်ရတယ်။ တခါတလေ မိမိအလှည့်ရောက်ဖို့ ၁ရက်ကြာ ၂ ရက်ကြာ စောင့်ရတဲ့ လူလည်းရှိတယ်လို” ဖားကန့် ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောကြားလာခဲ့သည်။
အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်ခံရသည့်အတွက် အွန်လိုင်းမှတဆင့် ပညာသင်ယူနေသော ကျောင်းသူ/သားများ၊ အွန်လိုင်းဈေသည်များ၊ ကျောက်အရောင်းအဝယ်ရေးလုပ်သူတွေ အပါအဝင် လူထုတွေ အခက်အခဲ ပေါင်းစုံကြုံတွေ့နေတယ်။
ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်မှုအကျိုးဆက်ကြောင့် ငွေလွဲ၊ ငွေထုတ်ခက်ခဲပြီး ကုန်သည်များ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ ဖုန်းဆက်မှာယူဖို့ ခက်ခဲနေဖြစ်နေသောကြောင့် သွင်းကုန်အဝင်နည်းကာ တချို့ကုန်စည်များပြတ်လတ်မှုရှိပြီး လက်ရှိကုန်ဈေးနှုန်းများလည်း ယခင်ကထက် ပိုမိုမြင့်တက်လာနေသည်ဟု သိရှိရပါသည်။
Comments