ပါဂျောင်မီဒီယာ
၁၁၊ ၉၊ ၂၀၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ) ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေစပြီး ၁၁ ရက်နေ့အထိ ဖြစ်ပွားတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံပြည်သူများ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိနေသဟု ဒေသခံများက ပါဂျောင်မီဒီယာကို ပြောပါသည်။
ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ယူမာကျေးရွာမှာရှိသည့် စစ်ကောင်စီတပ်က ပစ်ခေတ်လိုက်သော လက်နက်ကြီးကြောင့် အရပ်သာများ လက်နက်ကြီးကျဉ်ထိမှန်ပြီး ထိခိုက်သေဆုံးမှုရှိသည်ဟု သိရပါသည်။
“တိုက်ပွဲအတွင်း သေဆုံးသွားတာ ၇ ဦးအထက်ရှိတယ်။ သေဆုံးစားရင်းကိုတော့ သေချာအတိအကျမရသေဘူး။ တချို့က နက်ကြီးထိပြီး သေတာရှိတယ်။ ဒဏ်ရာရတာတွေလည်း များတယ်။ မနေ့ကလည် လက်နက်ကြီးထိ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရတယ်။ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့” ဆိုခဲ့သည်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်မှုနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဒေသခံများ ထိခိုက်သေဆုံးရပြီး နေအိမ်ပျက်စီးမှု အများအပြားရှိနေသည်။
သေဆုံးသူအများစုသည် အမျိုးသားများဖြစ်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲများကြောင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များကို မသိရသေးပေ။ ယခုတိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုပါသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် KIA နဲ့ PDF အဖွဲ့များသည် Lucky Man Hotel မှာ ပစ်ခတ်ခံရပြီးနောက် စစ်ကြောင်း ၃ ခုဖြင့် လာရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းတွေကိုလည်း KIA ပူပေါင်းတပ်ဘက်ကနေ ရွာပတ်ပတ်လည်ထပ်မံပိတ်ဆို့တိုက်ခိုက်နေသောကြောင့် ဖားကန့် ဆိုင်းတောင်ရွာမှာ ယနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်နဲ့ ယူမာ ကျေးရွာမှာရှိကြတဲ့ ပြည်သူတွေအားလုံးကို KIA ပူးပေါင်းတပ်များက တိမ်းရှောင်ကြရန် ပြောဆိုထားသည်ဟု သိရပါသည်။
댓글