top of page

ဖားကန့်နှင့် မိုးမောက်ဒေသများတွင် ယနေ့အထိ ထိတွေ့တိုက်ပွဲ ပြင်းထန်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၇ရက်၊အောက်တိုဘာ၊၂၀၂၄။



KIA အမှတ်(၃)တပ်မဟာ၊ မိုးမောက်ဒေသတွင် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲမှာ ယမန်နေ့ အောက်တိုဘာ၆ရက်နေ့အထိ ဆက်တိုက်ပြင်းထန်နေဆဲဖြစ်သည်။


အောက်တိုဘာလဆန်း၆ရက်နေ့ နံနက်၅နာရီအချိန်ခန့်တွင် မိုးမောက်နှင့် ဗန်းမော်အကြားရှိ (၇)မိုင်ကျေးရွာဝန်းကျင်တွင်နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ တစ်ဖန်ပြင်းထန်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲပြင်းထန်နေချိန်အတွင်း စစ်တပ်မှ လေကြောင်းဖြင့်ဗုံးကျဲခြင်း ၂ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း ရမ်းသမ်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ထို့အပြင် ဖားကန့်ဒေသတွင်လည်း ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး၊ ဖားကန့်တပ်မကုန်းနေရာမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး အသက်သေဆုံးမှု ရှိခဲ့သည်။


လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က လက်လွှတ်ခဲ့ရသည့် မိုးမောက်ဒေသကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်လျှက်ရှိပြီး၊ ဖားကန့်ဒေသကိုလည်း လက်မလွှတ်ရရေး အပြင်းအထန် ခုခံတိုက်ခိုက်နေသဖြင့် နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း အဆက်မပြတ်ဖြစ်ပွားနေခဲ့သည်။


 Photo credit


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page