top of page

ပုံရိပ်အဖွဲ့အစည်းသည် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် နိုင်ငံတကာ သံရုံးများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၇ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၄ ခုနှစ်


ပါဂျောင်မီဒီယာမှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ မူးယစ်ကင်းစင်ရေးအစီအစဉ်နှင့် ပတ်သက်ပြီး ဒီအပတ်မှာတော့ ၎င်းလုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပုံရိပ်အဖွဲ့အစည်းရဲ့ ယခုကျင်းပလျက်ရှိတဲ့ ဆွေးနွေးပွဲလေးကို တက်ရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခြင်းများကို မိဘပြည်သူများထံသို့ တင်ပြပေးလိုက်ရပါတယ်။


ပုံရိပ်အဖွဲ့အစည်းဟာ လူထုအခြေပြု လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသအသီးသီးမှ သုတေသီများပါဝင်ကာ တိုင်းရင်းသားဘာသာစကားမျိုးစုံဖြင့် သုတေသနပြုလုပ်ပြီး နိုင်ငံတကာ စချိန်စံနှုန်းများနှင့်အညီ ထိရောက်သော စနစ်များဖြင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူပြုရန် ရည်မှန်းချက်ဖြင့် ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့တွင် မှတ်ပုံတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ပုံရိပ်အဖွဲ့အစည်းဟာ ပါလီမန်ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော်အုပ်ချုပ်ရေး၊ စီးပွားရေးပွင့်လင်းမြင်သာမှုနှင့် အထွေထွေလူမှုရေးကိစ္စများကို ဖော်ဆောင်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သုတေသနလုပ်ငန်းများကို နည်းပညာဖြင့် ပံ့ပိုးကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါသည်။ ပုံရိပ်အဖွဲ့အစည်းဟာ မြန်မာနိုင်ငံရှိ နိုင်ငံသားအားလုံး၏ လူ့အခွင့်အရေးနှင့်တန်းတူရေးကို တန်ဖိုးထားသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ လက်ရှိတွင်လဲမူးယစ်ကျေးကျွန်ဘဝကျရောက်နေတဲ့ နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာများနှင့် ကချင်ပြည်နယ်တဝိုက်ရှိ တရားမဝင်မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သောသုတေသန အစီရင်ခံစာများကို USAIDမှ ထားရှိသည့် စံချိန်စံနှုန်းများနှင့် အညီ “စုပေါင်းဆောင်ရွက် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက်” ဆိုသည့်ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ နိုင်ငံတကာ သံရုံးများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်တဲ့ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ၂၀၂၂မှ ၂၀၂၃ခုနှစ်အတွင်း ကိုယ်တိုင်ကွင်းဆင်းပြုစုခဲ့သည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော တွေ့ရှိချက်များကို ချပြဆွေးနွေးခဲ့ကြပါသည်။





Comments


Pajau Media

Thanks for subscribing!

bottom of page