ပါဂျောင်မီဒီယာ။
၂၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
ပြန်လည်စုရုံး(၂ )ခြောက်လုံးနေ့ဖြစ်တဲ့ ယနေ့မနက် ၉နာရီကထဲကစလို့ မိုးညှင်းမြို့ရဲ့ ကောင်းကင်ယံမှာ စစ်ကောင်စီရဲ့ရဟတ်ယာဉ်ဟာတနေ့လုံး လှည့်ပတ်ပျံသန်းနေတယ်လို့ မိုးညှင်းမြို့နေ ပြည်သူတွေဆီကသိရပါတယ်။
" ရဟတ်ယာဉ်က မနက်၉နာရီကထဲက လှည့်နေတာ ပြန်လာလိုက် ပြန်သွားလိုက်နဲ့လုပ်နေတော့ လုံခြုံတယ်လို့ကိုမခံစားရဘူး၊အရင်ရက်တွေတုန်းကလဲ နမ္မားဖက်နဲ့နန့်စီးအောင်ဖက်ကို ဗုံးသီးချပြီးပြီဆိုတော့ ကိုယ့်ခေါင်းပေါ်ပျံနေရင်ကို ကြောက်တယ်၊ဟိုနားမှာ သေနတ်ပစ်ခတ်လိုက် ၊ဒီနားမှာ ရဟတ်ယာဉ်နဲ့ဗုံးသီးချလိုက်နဲ့ ကြားနေရတာ ခပ်စိပ်စိပ်ဘဲ "လို့ မိုးညှင်းမြို့နေပြည်သူတစ်ဦးကပြောပါတယ်။
အဆိုပါစစ်ရဟတ်ယာဉ်၏အရောင်မှာ ငွေရောင်ဖြစ်ပြီး မြို့ခံတွေပြောပြချက်အရ ယခင်ကမမြင်ဖူးတဲ့စစ်ရဟတ်ယာဉ်အရောင်ဖြစ်တယ်လို့ဆိုပါတယ်။
ယမန်နေ့က မိုးကောင်းမြို့နယ် ပင်းကြိုင်းရွာမှာ KIA က လူသစ်စုဆောင်းဖမ်းဆီး ခေါ်ဆောင်သွားတာမို့ ဒီနေ့မှာ ရဟတ်ယာဉ်ပျံဝဲနေတာ ဖြစ်နိုင်တယ်လို့လည်းဝေဖန်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၀ရက်နေ့ကထဲက ရဟတ်ယာဉ်နှစ်စီးဟာ တရက်ထဲမှာဘဲ ၃ကြိမ်လှည့်ပတ်ပျံသန်းနေပြီး စစ်ကိုင်းတိုင်းအစပ် နန့်စီးအောင်ရွာရဲ့သရက်တောဖက်ကို ဗုံးသီးချခဲ့တယ်လို့နန့်စီးအောင်ရွာခံတွေကပြောပါတယ်။
ဖေဖော်ဝါရီ၁၄ရက်နေ့ ညနေ၄နာရီခွဲမှာ နမ္မားအရှေ့တောင်ဖက်ကိုရဟတ်ယာဉ်နဲ့ ဗုံးသီးလေးလုံးချခဲ့တာဟာ KIAက၁၃ရက်နေ့ တရက်ထဲမှာဘဲ အရပ်သားပြည်သူ၉၀ဦးကို လူသစ်စုဆောင်းရေးဆွဲခဲ့လို့ ဗုံးသီးချတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
သတင်း - ကချင်ပြည်သား
Comentarios