top of page
Writer's picturePajau Media

ပူတာအိုမြို့နယ်အတွင်း စကစတပ် အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားမှုများရှိလာခြင်းကြောင့် တိုက်ပွဲပြင်းထန်လာမည်ကိုစိုးရိမ်နေကြရ

ပါဂျောင်မီဒီယာ

၅ အောက်တိုဘာ ၂၀၂၄



ပူတာအိုမြိုနယ်အတွင်းရှိ စကစတပ်များ အထူး သဖြင့် ခလရ(၄၆)ဗျူဟာတပ်စခန်းတွင် ယခုရက်ပိုင်းအတွင်း စစ်သားအင်အားဖြည့်တင်းမှု ပိုမိုလုပ်ဆောင်လာပြီး ပူတာအိုမှဆွမ်ပရာဘွမ်ဘက်သို့ စစ်ကြောင်းလှုပ်ရှားမှုများ ပြုလုပ်လာသဖြင့် တိုက်ပွဲပြင်းထန်လာနိုင်သည်ကို ပြည်သူများစိုးရိမ်နေကြရကြောင်း သိရှိရသည်။


မူလာရှီးဒီရပ်ကွက်နေ ကားသမားတစ်ဦးပြောကြားချက်အရ "ဒီရက်ပိုင်းပူတာအို-မြစ်ကြီးနားကားလမ်းတစ်လျှောက် နှစ်ဖက်စစ်သားတွေကို လမ်းကြောတစ်လျှောက်ပြန်တွေ့ရပြီ။ ဆွမ်ပီယာန်ရွာမှာလည်း စစ်တပ်ကလူတွေအများကြီးပဲ၊ သူတိုနဲ့မနီးမဝေးနေရာတွေမှာ တစ်ဖက်ကတော်လှန်ရေးတပ်တွေလည်း အများကြီးရောက်နေကြပြီ၊ တိုက်ပွဲဖြစ်ဖိုမကြာတော့ဘူး၊ သေချာတယ်" ဟုဆိုသည်။


ယခုအချိန်သည် ဒေသခံပြည်သူများ၏ တောင်ယာစပါးရိတ်သိမ်းချိန်လည်း နီးကပ်လာသည်နှင့်အတူ တိုက်ပွဲများဖြစ်လာပါက‌ ပြည်သူများအခက်အခဲများစွာ ကြုံတွေ့လာနိုင်မည်ကို စိုးရိမ်မကင်းဖြစ်နေကြကြောင်း ဆိုသည်။


"အခုလက်ရှိအခြေအနေအရဆိုရင် ဆွမ်ပီယာန်လောက်ကနေတိုက်ပွဲဖြစ်လာဖို့က မကြာလောက်တော့ဘူး၊ နှစ်ဖက်စလုံးက တော်တော်ကိုပြင်ဆင်နေကြတာတွေ့ရပြီ။ စစ်ပွဲဖြစ်ပြီဆိုတာနဲ့တော့ ပူတာအို-မြစ်ကြီးနားလမ်းတကြောလုံးကရွာတွေအားလုံးက ဒုက္ခရောက်ကုန်မှာ၊ ဘာလို့လဲဆိုတော့ လယ်စပါးတွေမသိမ်းရသေးဘူးလေ"ဟုဆက်လက်ပြောသည်။


ဆွမ်ပီယာန်အုပ်စု(၃)ရွာအတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် (၅)လကျော်အချိန်အတွင်း‌‌ ကျေးရွာကဘုရားကျောင်း၊ လူ‌နေအိမ်များတွင် စကစတပ်များနေရာယူ၊ အင်အားဖြည့်တင်းနေထိုင်လျှက်ရှိနေကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ပူတာအိုမြို့ ခလရ(၄၆)တပ်အတွင်း အင်အား(၂၀၀)ကျော်ခန့်ရှိသည့် စစ်သင်တန်းဆင်းဖို့ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။


သတင်း- မလိခူး


0 views0 comments

Comments


bottom of page