ပါဂျောင်မီဒီယာ
၇၊ ၈၊ ၂၀၂၄။
![](https://static.wixstatic.com/media/c187ce_955e4555149443449e05a5cce5bff2b3~mv2.jpg/v1/fill/w_205,h_386,al_c,q_80,enc_auto/c187ce_955e4555149443449e05a5cce5bff2b3~mv2.jpg)
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်တွင် အသက် ၁၅ နှစ်အရွယ်ရှိ အမျိူးသမီးငယ်တစ်ဉီးကို မုဒိမ်းကျင့်သတ်ဖြတ်မှုကျူးလွန်သူတရားခံကို မနေ့က ဩဂုတ်လ ၆ ရက်နေ့ ပူတာအိုခရိုင်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်ပြီးဖြစ်ကြောင်း ပူတာအိုဒေသခံတစ်ဦးဆီကနေတစ်ဆင့် ပါဂျောင်မီဒီယာကို ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူတရားခံအား သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုနှင့် လုယက်မှုဖြင့် ကျုးလွန်ခဲ့ပြီး မနေ့က သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ ၆ ရက်နေ့ ပူတာအိုခရိုင်တရားရုံး သေဒဏ် ချမှတ်ထားပေမဲ့လည်း နေပြည်တော်ကနေ တရားဝင်စာမထုတ်ပြန်သေးခင် ၇ ရက်အလိုအတွင်း တရားခံအနေနဲ့ အယူခံဝင် နိုင်သည် ဟု သိရသည်။
“ခုနှစ်ရက်အတွင်းအယူခံဝင်ရမှာ မဝင်ရင်တော့ ဒီပြစ်ဒဏ်ကအတည်ဖြစ်သွားပြီ။ အယူခံဝင်ရမှာလည်း ပူတာအိုမှာဝင်လို့မရဘူး နေပြည်တော်မှာဝင်ရမှာ။ သက်ငယ်မဒိမ်းမှု ကျူးလွန်တယ်၊ လူသတ်မှုကျူးလွန်တယ်၊ နောက်တစ်ခုကတော့ ဖုန်းလည်းလုယူပြီး ရောင်းစားတယ်ဆိုတော့ အဲ့ဒါလည်း အမှုတစ်ခုပေါ့ အားလုံးစုပေါင်းပြီးသေဒဏ်ချမှတ်လိုက်တာ”ဟု ပြောသည်။
သေဆုံးသွားတဲ့ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်တွင် ဒုတ္တန်ရပ်ကွက် လူသွားလူလာပြတ်တဲ့ သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည်။
ဖြစ်စဉ်မှာ မေလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်မှာ စားဆီသွားဝယ်ရန်ဆိုပြီး နေအိမ်မှ ထွက်သွားရာ မိုးချုပ်သည်အထိ ပြန်မရောက်လာသောကြောင့် မိသာစုဝင်များ လိုက်လံရှာဖွေရာ ည ၁၁ နာရီခန့်အချိန်တွင် ဒုတ္တန်ရပ်ကွက် ၂ အနီး သက်ကယ်တောအတွင်း သေဆုံးနေသည့် အရုပ်အလောင်းကို တွေ့ရှိခဲ့တယ်။
မုဒိမ်းမှုကျုးလွန်ခဲ့သူတရားခံ အသက် ၂၅ နှစ်ရွယ် ကိုကျော်သူရသည် မန္တလေးတိုင်းမှနေ၍ ပူတာအိုမြို့ကို စတီးသံပန်းနှင့် ပရိဘောဂဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး ပြစ်မှု ကျူးလွန်ခြင်းထင်ရှားသည့်အတွက် ၂ လအကြာတွင် သေဒဏ်မိန့် ချမှတ်လိုက်သည်ဟု သိရသည်။
၂၀၁၉ ခုနှစ်က ပြင်ဆင်ခဲ့သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်အရွယ် ကလေးကို သက်ငယ်မုဒိမ်းမှုကျုးလွန်သည်ဟု ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
Comentários