top of page

ပူတာအိုမြို့တွင် ကျင်းပနေသော ခရစ္စမတ်ပွဲတော် ပုံရိပ်များ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ




ပူတာအိုမြို့တွင် ကျင်းပနေသော ခရစ္စမတ်ပွဲတော် ပုံရိပ်များ ဖြစ်သည်။


ပူတာအို မြို့နယ်အတွင်း ကိုးဗစ်၁၉ ကာလနှင့် နိုင်ငံရေးအခြေအနေ အပြောင်းအလဲများ အကြား ဘာသာရေးပွဲလမ်းသဘင်များဖြစ်သည့် ရှင်ပြန်ထမြေက်ပွဲ၊ ခရစ္စမတ်ပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲတော်များ ရပ်စဲခဲ့ရသည်မှာ ယခုအချိန်အထိပင် ဖြစ်လာခဲ့သည်။


“အခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေချိန်ပေမယ့် ကျနော်တို့ ပူတာအိုမြို့က လက်ရှိအထိ နိုင်ငံရေး အခြေအနေ ငြိမ်းချမ်းဆဲ ဖြစ်နေတယ်လို့ ယူဆရတာကြောင့် လူကြီး၊လူငယ်အားလုံးရဲ့ ရင်ထဲမှာ ခရစ္စမတ် အနှစ်သာရ ပျောက်ပျက်မသွားဖို့ရယ်၊ အချင်းချင်းစည်းလုံးနေဖို့ရယ်၊ ရှေ့ဆက်လုပ်ဆောင်သွားရမယ့် အသင်းတော်ရဲ့ လုပ်ငန်းဆောင်တာအဝတွေကို တိုင်ပင်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို စီစဉ်ရခြင်း ဖြစ်တယ်” လို့ ပူတာအို လုံစွတ် CoC အသင်းတော်ပွဲဖြစ်မြေက်ရေး ကော်မတီတစ်ဦးက ပြောသည်။


ပူတာအိုမြို့နယ်သည် လက်ရှိ အချိန်ထိ နှစ်ဖက်ပစ်ခတ်တိုက်ပွဲများ ဖြစ်ပွားမှုမရှိဘဲ ငြိမ်းချမ်းသော မြို့တစ်မြို့အဖြစ် ရပ်တည်နေပြီး၊ ပူတာအိုမြို့နယ်၏ နေရာအချို့ဖြစ်သည့် ပူတာအို မြစ်ကြီးနား လမ်းပိုင်းတွင်သာလျှင် မကြာခဏ ဆိုသလိုပင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။


သတင်း - မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page