top of page

နယ်စပ်ဒေသငြိမ်းချမ်းမှ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီပြော

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၂ရက်၊နိုဝင်ဘာ၊၂၀၂၄။



KIAပူးပေါင်းတပ်ဖွဲ့များမှ တရုတ်နယ်စပ်ဒေသရှိ စစ်ကောင်စီပူးပေါင်းတပ်စခန်းများ အားလုံးကို သိမ်းပိုက်ရရှိထားပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ထိန်းသိမ်းထားသော်လည်း စစ်ကောင်စီဘက်မှ နယ်စပ်ဒေသ ငြိမ်းချမ််းသည့်အချိန်မှသာလျှင် နယ်စပ်ဂိတ်များကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ၂၂ရက်နေ့တွင် စစ်ကောင်စီပိုင် သတင်းများဌာနများ၏ ရေးသားဖော်ပြချက်များမှ သိရသည်။


စစ်ကောင်စီပြောသည့် နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူများ ပြောဆိုချက်အရ “ စစ်ကောင်စီတပ်က သူတို့ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်ရယူနိုင်အောင် ကြိုးပမ်းလုပ်ဆောင်နေသလို နယ်စပ်ဒေသကိုလည်း သူတို့ပြန်အုပ်ချုပ်နိုင်ရေး ဆိုတဲ့အခြေအနေကို ပြောချင်တာဖြစ်တယ်။” ဟု အဆိုပါ နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။


တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသောကြောင့် လက်ရှိ နယ်စပ်ဒေသခံများ ခက်ခဲနေကြသည့်အပြင် မြစ်ကြီးနားမြို့တွင်လည်း စက်သုံးဆီဆိုင်ကြီးများ ချိတ်ပိတ်ထားခဲ့ပြီး အချို့ဖွင့်လှစ်သည့် ဆီဆိုင်များမှာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်းကြောင့် ဒေသခံများ သွားလာရေးအတွက် ခက်ခဲနေကြသည်။

KIA ပူးပေါင်းတပ်ဖွဲ့များက တရုတ်နယ်စပ်ဒေသများကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စတင်ထိုးစစ်ဆင် လာခဲ့ရာ နောက်ဆုံးကျန်ရှိနေသည့် ကံပိုင်တည်မြို့ကို နိုဝင်ဘာ ၂၀ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာတွင် နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။


ကချင်ပြည်နယ်မှ အကြီးဆုံးနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကံပိုင်တည်အပြင် ကန်ဖမ့်၊ ဖီမှော်၊ ဆဂီ၊ ပန်ဝါ၊ ခါ့ရှန်၊ ပါဂျောင်၊ လိုင်ဇာနှင့် မလိယာန်နှင့် မှော်ဝမ်းကြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်များ အားလုံးကို ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။


0 views0 comments

Yorumlar


Pajau Media

Thanks for subscribing!

bottom of page