top of page

နန့်စီးအောင်အဝင်ဂိတ်တွင် စက်သုံးစီသယ်ကားများကို ဖြတ်သန်းခွင့်ပိတ်ထားသောကြောင့် မိုးညှင်းမြို့နယ်တွင် စက်သုံးဆီဈေး မြင့်တက်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၇ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။





စစ်ကိုင်း-ကချင်အစပ် နန့်စီးအောင်ကျေးရွာရှိ စစ်ကောင်စီဂိတ်တွင် ဆီဘောက်စာကားများဖြတ်သန်းခွင့်မပြုသဖြင့် ကားအစီးရေ ရာနှင့်ချီပိတ်မိနေသောကြောင့် မိုးညှင်းမြို့နယ်တွင် ဓါတ်ဆီဈေးနှူန်းများ မြင့်တက်နေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။


ယင်းစစ်ကောင်စီဂိတ်တွင် ခရီးသည်ကားများနှင့်ကုန်ကားတချို့ကိုဖြတ်သန်းခွင့်ပြုသော်လည်း စက်သုံးဆီသယ်ကားများပိတ်မိနေသည်မှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လက်ရှိမိုးညှင်းမြို့နယ်တွင် စက်သုံးဆီအဝင်မရှိသောကြောင့် ဆီပန့်ဆိုင်အချို့ ပိတ်ထားရပြီး၊ ဆိုင်အချို့မှာ ဖွင့်ထားသော်လည်း ရောင်းချရန် ဆီမရှိကြောင်း ပြောသည်။


ထို့ကြောင့် လက်ရှိဓါတ်ဆီတစ်လီတာ ပေါက်ဈေး ၇၀၀၀ကျပ် အထိရှိနေပြီး၊ ဒေသခံများမှာ ဝယ်ယူအသုံးပြုရန် ခက်ခဲနေသည်ဟု ဆိုသည်။


အလားတူ ယခင်က ဝိုင်းမော်-ကန်ပိုင်တည်လမ်းတကြော နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဇွန်လ ၁၁ရက်နေ့ကတည်းက ကန်ပိုင်တည်လမ်း ပိတ်ထားခဲ့ပြီး၊ မြစ်ကြီးနားမြို့တွင် ရက်ပိုင်းလောက် စက်သုံးဆီ ပြတ်လပ်ကာ၊ လက်ရှိမှာတော့ ဓါတ်ဆီတစ်လီတာကို ၅၀၀၀ကျပ် ရှိနေကြောင်း သိရသည်။


ထို့အပြင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် နန့်စီးအောင်ဂိတ်တွင် စက်သုံးဆီသယ်ကားများကို ဖြတ်သန်းခွင့်ပိတ်ပင်ထားသည့်အတွက် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့နယ်တို့တွင် ဓါတ်ဆီဈေးနှုန်းအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။


မြစ်ကြီးနား-မန္တလေးလမ်းကြော တွင် စက်သုံးဆီသယ်ကားများ ပြန်လည်သွားလာနိုင်မည့်အချိန်ကိုမူ မသိရှိရသည့်အပြင် ပြီးခဲ့သည့် ဇွန်လ၂၄ရက်နေ့မှာလည်း နဘားလမ်းဆုံအနီးရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ၊ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page