top of page

နှစ်လနီးပါးအကြာ ပိတ်ထားရသည့် အင်ဂျန်းယန်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ တစ်လကျော်အကြာ ပိတ်ထားရသည့်ကျောင်းများကို ကချင်လွတ်မြေက်ရေးအဖွဲ့အစည်း (KIO) ပညာရေးဌာနမှ ကွပ်ကဲမှုဖြင့် ကျောင်းနားထားရသည့်ကျောင်းသား/သူများ ပုံမှန် ကျောင်းပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း ဒေသ ခံ များထံမှ သိရသည်။


ပိတ်ထားလိုက်ရသည့် ကျောင်းများကို ကေအိုင်အို ပညာရေးဌာနမှ ကွပ်ကဲမှုဖြင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်မှ စတင်၍ ပြန်လည် ဖွင့်လှစ်သင်ကြားနေသော်လည်း၊ စာသင်ကြားပေးမည့် ကျောင်းဆရာ၊ဆရာမ အလုံအလောက် မရရှိသေးဘူးဟု ဒေသခံများက ပြောသည်။


အထက်ပါ ကျောင်းဆရာ၊ဆရာမ လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအသင်းတော်များ၊ ကျေးရွာအတွင်းမှ တာဝန်ရှိသူများနှင့် အချို့အဖွဲ့အစည်းများထံ အကူအညီ တောင်းခံထားဆဲ ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။


“ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက် အနည်းငယ်တော့ ရှိတယ်၊အဖွဲ့အစည်း အချို့နှင့် အသင်းတော်တွေကိုတော့ အကူအညီတောင်းထားပါတယ်” ဟု မြို့နယ်ဒေသခံတစ်ဦး ပါဂျောင်မီဒီယာသို့ ဖုန်းဖြင့် ဖြေကြားထားသည်။


လွန်ခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၂၀ရက်နေ့မှ စ၍ အင်ဂျန်းယန် မြို့နယ်အတွင်းရှိ ရဲစခန်းနှင့် အခြားတပ်များဆုတ်ခွာမှုနှင့် အတူ အထက်တန်း ကျောင်း ကျောင်းအုပ်နှင့် ဆရာ၊ဆရာမ အချို့လည်း လိုက်ပါထွက်ခွာသွားသောကြောင့် ယင်းဒေသရှိ အင်ဂျန်းယန် အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများ နှစ်လနီးပါးကြာမြင့်သည်အထိ ပိတ်ထားလိုက်ရခြင်းဖြစ်သည်။


အင်ဂျန်းယန်မြို့နယ်တွင် အင်လော့ရန်ကျေးရွာ မူလတန်းကျောင်း၊ အင်ဂရန့်ရန်မူလတန်းကျောင်းနှင့် အင်ဂျန်းယန်အထက်တန်းကျောင်းဟူ၍ ကျောင်းသုံးကျောင်း ရှိပြီး၊ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူပေါင်း လေးရာဝန်းကျင်အထိ တက်ရောက်သင်ကြားနေကြောင်း သိရသည်။


အင်ဂျန်းယန်မြို့နယ်သည် ကချင်ပြည်နယ် မြစ်ဆုံအထက်မှာရှိပြီး ကေအိုင်အေ တပ်မဟာ (၁) ထိန်းချုပ်မှုအောက်တွင် တည်ရှိသည့် မြို့နယ်ဖြစ်သည်။


သတင်း - ခုန်ရိ

ဓာတ်ပုံ - KNG


Comments


Pajau Media

Thanks for subscribing!

bottom of page