top of page

နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားများ ပြန်လည်ထွက်ခွာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၆၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ်၊ မြစ်ကြီးနား-မြစ်ဆုံတန်ဖရဲ ရွာ ကာလမ်းပေါ်မှာရှိသော နောင်နန်းတိုက်နယ် ဆယ်မိုင်ကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ လွန်ခဲ့သော ဩဂုတ် ၄ ရက်နေ့မှစပြီး ရွာထဲ သွားလာလှုပ်ရှားခြင်း မတွေ့ရဘူး ဟု ဒေသခံပြောပြချက်အရ သိရသည်။


ပြီးခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းလောက်စပြီး အထက်ပိုင်းမှ တုန်ဖုန်းကားကြီးနဲ့အတူ စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော် ဆယ်မိုင်ကျေးရွာထဲအတွင်း အထက်တန်း စာသင်ကျောင်းများ၊ ကက်သလစ်ဘုရားကျောင်း နှင့် ဆေးပေးခန်းအပြင် လူမရှိသော နေအိမ်များတွင် ဂျော်ဘွမ်းဆုတောင်းတောင်သွားလမ်းများတွင် ဝင်ရောက် နေရာယူထားသည် ဟုဆိုသည်။


ယခုကဲ့သို့ စစ်ကောင်စီစစ်တပ်များ ရွာအတွင်း ရုတ်တရက် ဝင်လာသောကြောင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေခဲ့ကြပြီး ယခုအခါ ရွာထဲမှာ စစ်ကောင်စီတပ်သားများ မတွေ့ရတော့ဘူးလို့ ရွာခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောကြားခဲ့သည်။


“လွန်ခဲ့တဲ့ မနေတနေ့က စစ်တပ်ကားနဲ့ အင်းအား ၃၀ ကျော် ရွာထဲဝင်လာတာဟုတ်တယ်။ ရုတ်တရက်ဝင်ရောက်လာတော့ ရွာကလူ အကုန်းလုံး အရမ်းစိုးရိမ်ကြောက်လန့်သွားကြတယ်။ ဒီနေ့ ရွာထဲမှာ စစ်ကောင်စီ စစ်သား မတွေ့ရဘူး… တစ်နေရာရာမှာ ရှိနေသေးတာလား မရှိဘူးလားတော့ မသိဘူး။ သူတို့ဝင်လာတုန်းက အထက်ဘက်ကနေ ဝင်လာတယ်။ အခု ဘယ်ဘက်ထွက်သွားတာလဲဆိုတာ သေချာ မသိရဘူးလို့” ပြောပြခဲ့သည်။


အချို့ ရွာခံပြည်သူများ၏ ခန့်မှန်းချက်အရ စစ်ကောင်စီတပ်သားတွေမှာ တောအတွင်း ကင်းပုန်းဝပ်နေတာ ဖြစ်နိုင်သလို အထက်ပိုင်း မြစ်ဆုံတန်ဖရဲ ရှိတဲ့ဘက်ကို တက်သွားတာလည်း ဖြစ်နိုင်တယ်လို့ ခန်းမှန်ပြောဆိုနေကြသည်။


ရွာအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်နေချိန်တွင် ဆယ်မိုင် ကက်သလစ် ဘုရားကျောင်းရှေ့ကားလမ်းပိုင်းမှ ပိတ်ဆို့မှုပြုလုပ်ပြီး ရွာအတွင်း သွားလာနေ့သည့် ပြည်သူအချို့ကိုပါ မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။


ယခု ကျေးရွာအတွင်း စစ်ကောင်စီ တပ်သားတွေ ပြန်လည်ထွက်ခွာသွားသော်လည်း ၄င်းတို့ တစ်ဖန် ရွာထဲ ပြန်လည်တပ်စွဲ နိုင်ခြင်းကြောင့် ဒေသခံများ စိုးရိမ်းစိတ် ရှိနေဆဲဖြစ်သည်။


လက်ရှိအချိန်အတွင်း ကချင်ပြည်နယ် တစ်ပြည်နယ်လုံး ဖုန်း၊ အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ နှစ်ပတ်ကျော်ရှိပြီး ထိုနှစ်ပတ်ကာလအတွင်းမှာပင် မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို KIA တပ်မှ ဩဂုတ် ၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page