ပါဂျောင်မီဒီယာ
၂ရက်၊ဒီဇင်ဘာ၊၂၀၂၄။
စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူတွေ တိမ်းရှောင်နေသည် နောင်းချိန်း ဘက်ကိုဒီဇင်ဘာ (၁) ရက်နေ့က စပြီး ဝင်ရောက်လုပ်ရှားလာကာ ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည်ခန့်တွင် နောင်းချိန်း ကားရာယန် ပြည်သူများ နေထိုင်သည့် စခန်းတွင်း ဝင်ရောက်ပြီး စခန်းတာဝန်ခံကို ခေါ်ဆောင် စစ်ဆေးမေးမြန်းတာတွေလုပ်ကြောင်း စစ်ရှောင်တစ်ဦး ပြောဆိုရာမှ သိရသည်။
“ ဒီနေ့ နေ့လည်လောက်မှာ ကျည်ကာ အကျီ ဝတ်ထားတဲ့ စစ်သားတစ်ယောက် စခန်းအတွင်း ဝင်လာပြီး စခန်းတာဝန်ခံကို ခေါ်သွားတယ်၊ စခန်းမှာ ဘယ်လို နေထိုင်ကြတယ်၊ လူဦးရေစာရင်းတွေစစ်တယ်၊ စခန်းမျာ KIA ဝင်လာတာတွေ ရှိမရှိ စစ်ဆေးတယ်၊ ဝင်လာတဲ့အချိန် စခန်းဓာတ်ပုံတွေ ရိုက်သွား တယ်၊ စခန်းတာဝန်ခံကို တော့ စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေးတယ်” ဟုစစ်ရှောင်ပြည်သူက ပြောသည်။
စစ်ကောင်စီတပ်တွေ က ယခုရက်ပိုင်းအတွင်း ဝိုင်မော်ဘက် ကို အင်းအားဖြည့်တင်း စစ်ရေး လှုပ်ရှားတာတွေ ရှိ နေပြီး ဒီဇင်ဘာ ၁ ရက်နေ့ က စပြီး နောင်းချိန်း သွားလမ်း တစ်လျှောက် နေရာယူလှုပ်ရှား လာတာတွေ ပြီး စစ်ရှောင်စခန်းအထိ ဝင်ရောက်လာတာတွေ ရှိသည့်အတွက် စစ်ရှောင်ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း ဆက်ပြောသည်။
“ နောင်းချိန်း ဘက်မှာ ငြိမ်းချမ်းသည့်အတွက် စစ်ရှောင်များ လာ ရှောင်နေတာတော့ ဟုတ်တယ်၊ အခုက အဲဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကား (၇) စီး လောက်ရှိမယ် လမ်းတစ်လျှောက်လည်း နေရာယူထားတယ်၊ ဒီဘက်လည်း မလုံခြုံတော့ဘူး၊ စစ်ဖြစ်ပြီး ထပ်မံတိမ်းရှောင်နေရမှာလည်းစိုးရိမ်တယ်၊ ဘယ်ကို ရှောင်ရမှန်းလည်းမသိ အားလုံးက အရမ်းစိုးရိမ်နေ ကြပြီ” ဟုပြောသည်။
KIA ပူးပေါင်း တပ်ဖွဲ့များ က မတ်(၇) ရက်က စတင်သည့် ဝိုင်းမော် လမ်းတစ်လျှောက် ကျေးရွာ က ပြည်သူများသည် ငြိမ်းချမ်းနေသည့် နောင်းချိန်းဘက် ကို တိမ်းရှောင်နေထိုင်နေကြတာဖြစ်ပြီး လက်ရှိမှာ နောင်းချိန်း လမ်းတစ်လျှောက် စစ်တပ်နေရာ လာတာတွေ ရှိနေသောကြောာင့် တိုက်ပွဲတွေဖြစ်လာမှာ ကို စိုးရိမ်နေကြကြောင်း သိရသည်။
Comentários