top of page

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံများအားလုံး ပြန်လွတ်လာပြီ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ဆားမှော်ကျေးရွာမှ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံများအားလုံး ယမန်နေ့ ဧပြီလ ၂ရက်နေ့ နေ့လည်၁၂နာရီအချိန်ခန့်တွင် လွတ်မြောက်လာပြီဟု ဒေသခံတစ်ဦးထံမှ သိရသည်။


“မနေ့က ဖမ်းဆီးခံရသူအားလုံး ပြန်လွတ်လာပြီ။ အားလုံးပေါင်း ၂၀ကျော်လောက်ကို ရှေ့ဆင့်နောက်ဆင့်ပဲ တစ်သုတ်ပြီးမှ တစ်သုတ် လွတ်ပေးကြတယ်။ ပထမအသုတ်က ၈ယောက်ပဲ လွတ်ပေးတယ်။ ကျန်တာ နောက်တစ်သုတ်မှ လွတ်ပေးတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဆားမှော်ကျေးရွာမှ ဒေသခံအချို့များကို အမှတ် (၁၀၅) တပ်ရင်းမှ ဧပြီလ၁ရက်နေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးသွားတာဖြစ်ပြီး ယမန်နေ့ ၂ရက်နေ့တွင်ပင် အားလုံးနီးပါး ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။


ဖမ်းဆီးခံရသူများအနက် ၈ဦးမှာ ယမန်နေ့ နံနက်ပိုင်းတွေ လွှတ်မြောက်လာခဲ့ပြီး၊ ကျန်၁၀ဦးကျော်မှာ နေ့လည်၁၂နာရီနောက်ပိုင်း ငြိမ်းချမ်းရေးးအကျိုးဆောင်အဖွဲ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လွှတ်မြောက်လာခဲ့သည်။ ထို့အပြင် ICM ဘုရားကျောင်းဝန်းမှ ၃၀ကျော် အပါအဝင် စစ်ကောင်စီမှ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ဒေသခံများ အားလုံးပေါင်း ၅၀ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။


ထို့အပြင် ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့၌ အမည်မသိ အုပ်စုမှ ဖမ်းဆီးခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးမှာ တပ်ရင်း (၁၀၅)စခန်းသို့ ပြန်ရောက်လာပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ပါဂျောင်မီဒီယာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသည့်အပြင် ဒေသခံများလည်း သေချာမသိရသေးကြောင်းသာ ဆက်လက်ဖြေကြားခဲ့သည်။


“မနေ့ညက သတင်းဘယ်လိုဖြစ်နေလဲတော့ မသိတော့။ တစ်ချို့တွေက အုပ်ချုပ်ရေးမှူးက (၁၀၅)တပ်ရင်း တပ်စခန်းမှာ ပြန်ရောက်လာပြီလို့ ပြောနေကြတယ်။ အဲလိုသတင်းထွက်နေလို့ ဒီမနက်ပြန်စုံစမ်းကြည့်တော့ မဟုတ်ဘူးလို့ ပြောကြတယ်။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီးမှလည်း အုပ်ချုပ်ရေးမှူး ပြန်လည်လွတ်မြောက်လာမှသာ ကျေးရွာအတွင်းမှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဒေသခံများကို ပြန်လည်လွတ်ပေးမည်ဟု ပြောဆိုထားကြောင်းနှင့် ယမန်နေ့ အုပ်ချုပ်ရေးမှူးပြန်လွတ်လာပြီဟု သတင်းများ ထွက်လာသည့်အချိန်တွင် ဖမ်းဆီးထားသည့် ဓားစာခံများအားလုံးကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးမှုကြောင့် ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။


2 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page