top of page

တရုတ်ဘက်မှ နယ်စပ်ဂိတ်အချို့ကို ပြန်လည်ဖွင့်လှစ်လိုသော်လည်း KIA ဘက်မှ ပြန်လည်ပိတ်ဆို့

Writer: Pajau MediaPajau Media

Updated: Nov 14, 2024

ပါဂျောင်မီဒီယာ။

၁၃ရက်၊နိုဝင်ဘာ၊၂၀၂၄။




တရုတ်နယ်စပ်တစ်လျှောက် တိုက်ပွဲများပြင်းထန်လာပြီးနောက် နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့လိုက်ပြီး လက်ရှိတွင် တရုတ်ဘက်မှ ပြန်လှည်ဖွင့်လှစ်လိုသော်လည်း KIA ဘက်မှ ယာယီဆိုင်းငံ့ထားကြောင်း ဒေသံများထံမှသိရသည်။


တရုတ်ဘက်မှ လိုင်ဇာဂိတ်အပါအဝင် လွယ်ကျယ်၊ ကန်ပိုင်တည် နယ်စပ်ဂိတ်များကို ပြန်လှည်ဖွင့်လှစ်နေချင်သော်လည်း KIA ဘက်မှ ဖွင့်လျှင်ဂိတ်များအားလုံးဖွင့်ရန်နှင့် မဖွင့်ပေးလျှင် မည်သည့်ဂိတ်မှ မဖွင့်ပေးနိုင်ဟုဆိုကာ ပိတ်ထားခြင်းဖြစ်ကြောင်းသိရသည်။


တရုတ်ဘက်မှ နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လှစ်လိုက်ပြီဆိုသည့်အတွက် မြန်မာဘက်သို့ဝင်လာမည့် ကုန်ကားအများအပြား တန်းစီနေသည်ကို တွေ့ရကြောင်း လိုင်ဇာဒေသခံ များကပြောသည်။



ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုမှာရှိတဲ့ မန့်ဝိန်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုလည်းတရုတ်နိုင်ငံဘက်မှ ဖွင့်ထားပေမယ့် မြန်မာဘက်အခြမ်းရှိ စစ်ကောင်စီအာဏာပိုင်များက ပိတ်ဆို့ထားသောကြောင့် နိုဝင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်းအထိ ကားအစီးရေ ၃၀၀ထက်မနည်း ပိတ်မိနေကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page