ပါဂျောင်မီဒီယာ။
၁၃ရက်၊နိုဝင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_17ae3d1b4dd74bd2b9f761b44dba2c6c~mv2.jpg/v1/fill/w_600,h_308,al_c,q_80,enc_auto/c187ce_17ae3d1b4dd74bd2b9f761b44dba2c6c~mv2.jpg)
ကချင်ပြည်နယ် အတွင်း KIA ပူပေါင်းတပ်ဖွဲ့ များ နှင့် စစ်ကောင်စီတပ်တွေကြား တရုတ်နယ်စပ်တစ်လျှောက်အပါအဝင် မိုးမောက် စစ်ကိုင်းကချင်အစပ် အင်းတော် ဘက်မှာ နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။
KIAက အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို အပြီးသတ် ချေမှုန်းရေးအတွက် ထိုးစစ်ဆင်တိုက်ပွဲ စတင်ခဲ့ပြီး လက်ရှိမှာ နယ်စပ်တစ်လျှောက် နေရာတော်တော်များများကို KIA ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားပြီးKIO အုပ်ချူပ်မှု ယန္တယား စတင်လည်ပတ်နေပြီဖြစ်သည်။
လက်ရှိတွင် စစ်ကိုင်းအစပ် အင်းတော် ဒေသမှာလည်း KIA, PDF,ABSDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံတပ်တွေကြား သြဂုတ် ၁၆ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ပူးပေါင်းတပ်ဖွဲ့မှ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံး ကို သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာ လအတွင်း တိုက်ပွဲတွေငြိမ်နေသော်လည်း နိုဝင်ဘာလ ဆန်းပိုင်းမှစပြီး တိုက်ပွဲများပြန်လည်ပြင်းထန်လာခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ မိုးမောက် ခ.မ.ရ ၄၃၇ အနီး အောင်မြေကျေးရွာ ဘက်တွင်လည်း နိုဝင်ဘာလဆန်းပိုင်းမှစပြီး နေ့စဉ်မပြတ် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာကြောင်းသိရသည်။ စစ်ကောင်စီမှ လက်လွှတ်လိုက်သည့် ခ.မ.ရ ၄၃၇ တပ်ရင်းကို ပြန်လည်ရယူရေး အပြင်းအထန်ထိုးစစ်ဆငိနေပြီး တစ်ပတ်မှာ နှစ်ကြိမ်ခန့် တင့်ကားသ ၃-၄ စီးဖြင့် ဗန်းမော်ဘက်မှ စစ်အင်အားဖြည့်တင်းနေကြောင်းလည်းသိရသည်။
မိုးမောက်ဒေသတွင်စစ်ကောင်စီမှအင်အား ဖြည့်တင်းပြီးနောက် တိုက်ပွဲဖြစ်ပွားလာသည်မှာ ၃လနီးပါး ကြာမြင့်လာပြီး စစ်ကောင်စီ တပ်ဖွဲ့များ တပ်ဆုတ်ခွာခြင်းမရှိသ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်ကြောင်း KIA ဘက်က ပြောဆိုထားသည်။
KIA ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများ အပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်၊ဆော့လော်၊ ချီဖွေ၊ ပန်ဝါမြို့အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူခဲ့ပြီးနောက် ကချင်အထူးဒေသ-၁ အတွင်း၌ ကန်ပိုက်တည်နယ်စပ်မြို့ တစ်မြို့သာကျန်ရှိတော့ကြောင်းသိရသည်။
Comments