top of page

တရုတ် နယ်စပ်ဂိတ်များ ဆက်တိုက် ပိတ်ထားပါက ကြံစိုက်လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများ အရှုံးပေါ်မှာကိုစိုးရိမ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၅.၁၁.၂၀၂၄



တိုက်ပွဲများ ကြောင့် ကချင်နယ်စပ် ကုန်သွယ်ရေး ဂိတ်များကို ဆက်တိုက်ပိတ်ထားပါက ကချင်ဘက်ခြမ်းမှာ ကြံစိုက် လုပ်ငန်းလုပ်ကိုင်နေသည့် တောင်သူများ အရှုံးပေါ်မှာကို စိုးရိမ်နေကြကြောင်းသိရသည်။


ကချင်နယ်စပ် တစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားသည့်နောက်ပိုင်း ကချင်လွတ်လပ်ရေး အဖွဲ KIO ထိန်းချုပ်ထားသည့် လွယ်ဂျယ်မြို့ မိုင်ဂျာယန်မြို့နှင့် တရုတ် နယ်စပ်ဂိတ် ကုန်သွယ်ရေးဂတ်များကို တရုတ်ဘက်က ပိတ်ထား သောကြောင့် ကြံစိုက်တောင်သူများ ကြံခုတ်ရန် မသေချာမရေရာ ဖြစ်နေကြကြောင်းသိရသည်။


ပုံမှန်အားဖြင့် ကြံကို ဒီဇင်ဘာလမှ မတ်လအတွင်း ခုတ်ကြပြီး တင်ပို့ကြရတာဖြစ်ပေမဲ့ တိုက်ပွဲကြောင့် နယ်စပ်ဂိတ်တွေ ပိတ်နေတာ‌ေတွအလုပ်သမား ရှားပါးသည့် ပြဿနာလည်းကြုံရတယ်လို့ ကြံစိုက် သည့် တောင်သူများ ကဆိုသည်။ နယ်စပ်ဂိတ်များ ဒီတိုင်းတာဆက်ပိတ်နေပါက ဒီနှစ်တော့ ကြံလုပ်ငန်းက အရှုံးပေါ်မည့် အခြေအနေနဲ့ တွေ့ကြုံရတယ်လို့လည်းဆို သည်။


ပြီးခဲ့သည့် စက်တင်ဘာလ ကုန်ပိုင်းမှ စ၍ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များ နှင့် ကချင်-တရုတ်နယ်စပ်ရှိ စစ်ကောင်စီတပ်၊ ပြည်သူ စစ်တပ်များနှင့် ဦးဇခုန်တိန့်ယိန့် ဦးဆောင်သည့် ကချင်နယ်ခြားစောင့်တပ်များကိုထိုးစစ်ဆင်တိုက်ခိုက်ရာ ကချင်အထူးဒေသ(၁) နယ်မြေ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး ခေအိုင်အို အုပ်ချုပ်မှု စတင်လည်ပတ်နေပြီဖြစ် သည်။


လက်ရှိမှာ ကန်ပိုင်တည်မြို့သာကျန်ရှိ သေးတာဖြစ်ပါတယ်။ ကချင်ပြည်မှာ တရုတ်နယ်စပ်ဂိတ်များ ဖြစ်သည့် လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ကန်ပိုက်တီ၊ ဖီမော်၊ ပန်ဝါ၊ ခါရှန်၊ စဂျီ၊ ပါဂျောင်၊ မံဝိန်းကြီးနှင့် ကန်ဖန်ဟူ၍ ၁၁ ဂိတ်ခန့်ရှိပြီး လက်ရှိ နယ်စပ်ကုန်သွယ်ရေး အားလုပ် ရပ်ဆိုင်းနေတာဖြစ်ပါတယ်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page