တစ်ဘက်အတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်၏ Y 12 လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၃၄ ကြိမ်ပြုလုပ်
- Pajau Media
- 4 days ago
- 1 min read
ပါဂျောင် မီဒီယာ
၁၄ ဧပြီ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က တစ်ဘက်အတွင်း Y 12 လေကြောင်းတိုက်ခိုက်မှု ၁၃၄ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကို KIA သတင်းပြန်ကြာရေးဌာန မှတစ်ဆင့်သိရသည်၊၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ငလျင်ဘေးသင့်နေချိန်တွင် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းထိုးစစ်ဆင်တိုက်ခိုက်မှုကို ဧပြီ ၂၂ ရက်ထိအပစ်ခတ်ရပ်စဲရန် ထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ်တွင်လေကြောင်း၊ဒရုန်း၊ လက်နတ်ကြီးများဖြင့်နေ့စဥ်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်၊၊
ရက်သက်တစ်ဘက်အတွင်းတွင် စစ်ကောင်စီတပ်များသည် ဗန်းမော်မြို့တွင် Y12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၃၄ကြိမ်၊ ဒရုတ်ဖြင့်ပစ်၆၇ ကြိမ် ၊ဂျက်ဖိုက်တာဖြင့် ၁၁ကြိမ် ၊လက်နတ်ကြီးများဖြင့် ၂၇၄ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းတွင်ဖော်ပြထားသည်၊၊
လက်ရှိအချိန်ကချင်ပြည်နယ်ဗန်းမော်မြို့တွင်သာမကစစ်ကိုင်းအစပ်အင်းတော်ဒေသတလျောက်၊ဝိုင်းမော်၊တနိုင်းလီဒိုလမ်းနေရာများတွင်လည်းစစ်ရေးတင်းမာနေသည့် အပြင်လက်နတ်ကြီးရမ်းတန်း ပစ်ခတ်မှုများဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များက လွန်ခဲ့တဲ့ ၂၀၂၄ခုနှစ်ဒီဇင်ဘာလဆန်းချိန်ကစ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ၏ တပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ခလရ ၂၁တပ်ရင်းကျန်ရှိနေသေးသောကြောင့်ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။
သတင်း-ပီလမ့် အူ
Comments