top of page
Writer's picturePajau Media

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် နန့်စီးအောင်ဂိတ်တွင် ကုန်ကား ၃ထောင်ကျော်ပိတ်မိနေ

ပါဂျောင်မီဒီယာ။

၁၈ရက်၊နိုဝင်ဘာ၊၂၀၂၄။





ကချင်ပြည်နယ်နှင့် မိုးညင်းခရိုင် အင်းတော်ကြီးဒေသတွင် နိုဝင်ဘာလ(၁၂)ရက်နေ့မှစ၍ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များနဲ့ K-PDFတို့၏တကျော့ပြန်တိုက်ပွဲကြောင့် ကားလမ်းများပိတ်ကာ ကချင်-စစ်ကိုင်းအစပ် နန့်စီးအောင်ဂိတ်တွင် မော်တော်ယာဉ်အစီးရေ ၃ထောင်ကျော်ပိတ်မိနေကြောင်း ခရီးသွားပြည်သူတစ်ဦးကပြောသည်။


လက်ရှိ ကချင်-စစ်ကိုင်းအစပ် ကားလမ်းအခြေအနေကို ခရီးသွားပြည်သူအမျိုးသမီးတစ်ဦးက "ဆီကား၊၁၂ဘီးကား၊ ‌၆ဘီးကား၊သုံးဘီးဆိုင်ကယ်နဲ့ ကုန်သယ်တဲ့ ဆိုင်ကယ်တွေ အစီးရေ ၃ထောင်ကျော်လောက်ရှိတယ် ၊ပိတ်မိနေတာက လမ်းပေါ်မှာ ကားတန်းက သုံးတန်းပူးကြီးဆိုတော့ ဆိုင်ကယ်တောင် တလှိမ့်ခြင်း လှိမ့်ပြီးမောင်းလာရတာ၊ နေကပူ ဖုန်ကထူနဲ့ လူတွေ ဒုက္ခရောက်နေကြတာ၊ ထမင်းဆိုင်တွေလည်း ဘာမှရောင်းစရာမရှိတော့ဘူး၊ကျမဆို ထမင်းဆာလို့ဝယ်စားမလို့ကို ဘာမှ မရှိတော့ဘူးပြောလို့ မစားခဲ့ရဘူး “ ဟုဆိုသည်။


လမ်းပိုင်းတွင်စားသောက်ရေးမှအစ ခက်ခဲနေပြီး ရေသန့်တစ်ဘူးကို ၃ထောင်ကျပ် ပေးဝယ်ရကြောင်း အင်းတော်လမ်းပိုင်းက တကျော့ပြန်တိုက်ပွဲကြောင့် ဆီကားများကိုလည်း မိုးညှင်းဖက်မှအဝင်မခံဘဲ ပိတ်ထားသောကြောင့် ဆီကားသမားများမှာပြန်ချင်သော်လည်း ပြန်၍မရနေကြောင်း အင်းတော် -မြစ်ကြီးနား သို့ ခရီးသွားနေသူ အမျိုးသမီးကပြောသည်။


မန္တလေး-မြစ်ကြီးနားလမ်းတွင် တိုက်ပွဲများ ကြောင့် အင်းတော် လမ်းပိုင်းပိတ်ထားပြီး မိုးညှင်းမြိုတွင်ကုန်ဈေးနှုန်းများအဆမတန် မြင့်တက်နေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာများလိုသလောက်မရရှိကြောင်း သိရသည်။


စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များနှင့် K-PDFတို့၏ တကျော့ပြန်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေး သော ဒေသခံအရေအတွက် များလာကြောင်းသိရသည်။


တကျော့ပြန်စစ်ပွဲကြောင့် နှစ်ဖက်လက်နက်ကိုင်များထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ဆနွင်းကုန်းကျေးရွာမှ နေအိမ်(၅)လုံးကို ရှမ်းနီပြည်သူ့စစ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။


"လူ‌နေအိမ်၅လုံးကို ရှမ်းနီပြည်သူ့စစ်တွေက မီးရှို့သွားတာ၊ အကုန်ပြာကျသွားတယ်၊ဘာတခုမရလိုက်ဘူး၊အခု အိမ်မီးရှို့ခံလိုက်ရတဲ့သူတွေကနေစရာမရှိတော့ဘူး။ မိုးညှင်းက အမျိုးတွေဆီ စစ်ရှောင်ဖို့ပြေးသွားတာကို နန့်မွန်းရှမ်းနီပြည်သူ့စစ်ဂိတ်က မထွက်ခိုင်းလို့ အင်းတော်ကြီးထဲ ပြန်ဝင်လာရတယ်၊ တခြားမြို့ တွေဖက်ကို ရှောင်သွားနိုင်တဲ့သူတွေကလည်း နေစရာနေရာမရှိလို့ဒုက္ခရောက် နေကြတယ်" ဟု ဆနွင်းကုန်းရွာသားတစ်ဦးမှပြောသည်။


အင်းတော်ကြီးဒေသကို စားနပ်ရိက္ခာနဲ့ဆေးဝါးတွေသယ်ယူခွင့် ပိတ်ထားတာကြောင့် ညောင်ပင်စစ်ရှောင်စခန်းမှ ပြည်သူများနှင့်နတ်မောက်ကန်ရွာဖက်ရှောင်တိမ်းနေရသည့် စစ်ရှောင်ပြည်သူတွေများမှာ ဆန်ပြုတ်သာသောက်နေရသည့် အခြေအနေဖြစ်နေကြောင်းစစ်ရှောင်တိမ်းနေရသော ပြည်သူများထံမှသိရသည်။


ကချင်ပြည်သား


0 views0 comments

Comments


bottom of page