top of page

တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရန်အခက်ကြုံနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဒီဇင်ဘာ၊၂၀၂၄။




ဝိုင်းမော်မြို့နယ်တစ်ဝိုက်တွင်စစ်ရေးအခြေအနေကြောင့် လယ်ယာလုပ်ကိုင်စား သောက်နေကြသောပြည်သူများ လယ်ယာလုပ်ကိုင်စိုက်ပျိုး​နိုင်​ခြင်းမရှိတော့ခြင်းကြောင့်ရှေ့ရေးအတွက် စားဝတ်နေရေးခက်ခဲလာမည်ကို စိုးရိမ်နေကြောင်းသိရသည်။


ဝိုင်းမော်တစ်ဝိုက်လယ်ယာများတွင် ၂၀၂၃ ခုနှစ်တွင်နောက်ဆုံး လယ်လုပ်ခဲ့ရခြင်းဖြစ်ပြီး ၂၀၂၄ တွင်တိုက်ပွဲအ​ခြအနေကြောင့် လယ်လုပ်ကိုင်နိုင်ခြင်းမရှိသောကြောင့် စားဝတ်နေရေးဖူလုံမူမရှိမှာကိုစိုးရိမ်ကြောင်း ဒေသခံများထံမှသိရသည်။


 "ဒီလို အခြေနေသာဆိုရင် လယ်ယာလုပ်ကိုင်နိုင်ဖို့လည်း မလွယ်ပါဘူး လယ်ကလည်း ၅၈ နဲ့နီးတော့ ပိုဆိုးတာပေါ့ လယ်ထဲသွားလည်း ဒရုန်းနဲ့ ခနခန လာလာကြည့်တယ် " ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။


တစ်ဖက်တွင်လည်း ကန်ပိုင်တီနယ်စပ်ဂိတ်တွင် ကုန်စည်များ သယ်ယူရောင်းဝယ်ရေးလုပ်ဆောင်ရန် ခက်ခဲနေခြင်းကြောင့် ကုန်စျေးနှုန်းများ မြင့်မားနေပြီးအဆင်မပြေမှုများရှိနေကြောင်းကို ဒေသခံတစ်ဦးမှ...

" ခုက လယ်လုပ်ဖို့လည်း မလွယ်ဘူး ပြီးရင် ဝယ်စားမယ်ဆိုရင်လည်း စျေးတွေကလည်း ကြီးတော့ ခက်ခဲတယ် ပိုက်ဆံကလည်း တနေ့တနေ့ အဝင်ကမရှိ အထွက်ဘဲ ဖြစ်နေတယ်" ဟု ဆိုသည်။


ထို့အပြင် ဝိုင်းမော်မြို့တစ်ဝိုက်တွင်လည်း မကြာခဏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့်ဒေသခံပြည်သူများ ​ ​အိမ်တွင်မနေရဲပဲ တိမ်းရှောင်နေရခြင်းမျိုးရှိကြောင်းလည်းသိရသည်။


သတင်း - A & A


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page