top of page

ညီနောင်သုံးဖွဲ့မှ သတင်းအတုပြုလုပ်ဖြန့်ဝေသူများအား ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃၀၊ ၇၊ ၂၀၂၄



နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မည်ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း ဇူလိုင်လ ၂၈ရက်နေ့တွင် MNDAA, AA နှင့် TNLA တို့က ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးခဲ့သည်။


အသိဉာဏ်မဲ့ပြီး အောက်တန်းကျသော ပုဂ္ဂိုလ်တစ်ချိုက“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည်” ဟူသော ခေါင်းစဉ် အပြင် အခြားသော ခေါင်းစဉ်များနှင့်လည်းကောင်း၊ ညံ့ဖျင်းလှသော တရုတ်ဘာသာအရေးအသား ဖြင့် လည်းကောင်း၊ တိကျမှန်ကန်မှု မရှိသောရေးပုံရေးနည်း၊ Photoshop တိုဖြင့်လည်းကောင်း၊ ညီ နောင်မဟာမိတ် အဖွဲအစည်းများ၏ တံဆိပ်များကို အသုံးပြုပြီး ၁၀ စောင်ထက်မနည်းသော ထုတ် ပြန်ချက်များကို သတင်းအချက်အလက်အတုများဖြင့် ဆက်သွယ်ရေး လူမှုကွန်ရက်မှတစ်ဆင့် ထုတ် ပြန်ခြင်းများကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲက ပြောဆိုသည်။


ဤသိုပြုလုပ် ရခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း များကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန်၊ မင်းအောင်လှိင်ဦးဆောင် သော အာဏာသိမ်းလက်နက်ကိုင်အဖွဲအား အသက်ရှူအနားယူခွင့် ရရှိစေရန်ရည်ရွယ်ပြီးလုပ် ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲက သုံးသပ်ထားသည်။


ထိုသို အသိဉာဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသောပုဂ္ဂိုလ် (သို) အစု အဖွဲ (သို) အဖွဲအစည်းများအား “မိမိတိုအဖွဲအစည်းအမည်၊ တံဆိပ်တုံး များကို အသုံးပြုပြီး သတင်း အချက်အလက်အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက်ထရွန်နစ်ဥပဒေ နှင့်လူ့ဘောင် အဖွဲအစည်း စနစ်ကို ပြင်းထန်စွာချိုးဖောက်နေခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲမှ သတိ ပေးထားသည်။


ထိုအပြင် ဆက်သွယ်ရေးလူမှုကွန်ရက်သည် ဥပဒေကင်းလွတ်သည့် နေရာမဟုတ်ပဲ ဆက်သွယ်ရေး လူမှုကွန်ရက် သည် memory ရှိသဖြင့် သတင်း အတုများကို ထုတ်ပြန်နေသောသူများ၏ IP address မှ တစ်ဆင့် စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ ထိုသိုတိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သောလုပ်ရပ် များကို နောင်တစ်ချိန်တွင် ရှာဖွေ ဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း” ထုတ်ပြန် သတိပေးထားသည်။


လက်ရှိအချိန်တွင် MNDAA နှင့် TNLA တို့က ရှမ်းမြောက်တွင် စစ်ကောင်စီတပ်များနှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး ဇူလိုင်လအတွင်း မိုးကုတ်၊ နောင်ချိုမြို့များအား အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲ၊ မိုးမိတ်မြို့နယ်များကိုလည်း အများစုထိန်းချုထားလျက်ရှိသည်။


ထို့အပြင် MNDAA အနေဖြင့် လားရှိုးမြို့ကို သိမ်းပိုက်ထားနိုင်ကြောင်းနှင့် မြို့အုပ်ချုပ်ရေးမျာကို ဖော်ဆောင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။


AA ကလည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့အပါ မြို့နယ် ၁၀ခုကို သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေသော မြို့နယ်များကို ဆက်လက်သိမ်းပိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page