ပါဂျောင်မီဒီယာ
၇၊ ၈၊ ၂၀၂၄။
![](https://static.wixstatic.com/media/c187ce_505bd42b867441d5afc1e0a77488256b~mv2.jpg/v1/fill/w_194,h_259,al_c,q_80,enc_auto/c187ce_505bd42b867441d5afc1e0a77488256b~mv2.jpg)
ဝိုင်းမော်မြို့နယ်၊ ဆဒုံးဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ယင်းဒေသရှိ ပြည်သူများမှာ လုပ်ကိုင်စားသောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“ခက်ခဲတာက ဒီနှစ်က အရင်ကထက် စစ်ရေးလှုပ်ရှားမှုတွေ များလာတယ်၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း အခြေအနေအမျိုးမျိုးနဲ့ ခက်ခဲလာတယ်။ တောင်ယာ၊ လယ်ယာခုတ်သူတွေနဲ့ စီးပွားဖြစ် အသီးအနှံ စိုက်ခင်းတွေလည်း စီးပွားရေးမှာ ငွေဈေးမရတာတွေ ရှိလာတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ဒီလိုအချိန်မှာ ပိုမိုခက်ခဲလာကြတယ်။” ဟု ဆဒုံးဒေသခံတစ်ဦးက ပြောသည်။
ဆဒုံးဒေသတွင် လုပ်ကိုင်စားသောက်ရေးအတွက် လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်းမှာ အဓိကလုပ်ငန်းဖြစ်သည့်အပြင် နှစ်ဖက်စစ်ရေး တင်းမာနေသည့်နေရာဖြစ်သောကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလာပြီး၊ ယင်းဒေသထွက် အသီးအနှံများကို ရောင်းချကြရန်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြသည်ဟု ဆိုသည်။
ထို့အပြင် ဒေသခံများ၏ အဓိကဝမ်းစာရေးမှာ လယ်ယာလုပ်ငန်းအပြင် အဓိကစီးပွားဖြစ် အသီးအနှံမှာ ငါးပေါက်သီးနှင့်ချဥ◌်ဇော်ခါးသီးများဖြစ်ကြပြီး၊ အခြားဒေသသို့ တင်ပို့ရောင်းချကြရာမှာလည်း ငွေဈေးကျကာ အရှူံးပေါ်သောကြောင့် ယခင်နှစ်များထက် ပိုမိုခက်ခဲကြောင်း ဒေသခံများက ပြောသည်။
ဆဒုံးဒေသရှိ ဒေသခံများမှာ လယ်ယာလုပ်ငန်းနှင့် ဒေသထွက်အသီးအနှံများ ရောင်းချပြီး ဝမ်းစာရေးအတွက် ဖြေရှင်းကြသကဲ့သို့ ယခုနှစ်မှာတော့ လမ်းပန်းဆက်သွယ်ရေးအပြင် စစ်ရေးလှုပ်ရှားမှုများကြောင့် အကြပ်အတည်းဖြစ်ကာ ခက်ခဲနေကြရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
Комментарии