ပါဂျောင်မီဒီယာ။
၁ရက်၊နိုဝင်ဘာ၊၂၀၂၄။
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးရှိ ဖုန်ငိုင်ယာန် စစ်ရှောင်စခန်းရှိ မူးယစ်ဆေးဝါး သုံးစွဲသူများကို KIA မှမူးယစ်ဆေးဖြတ်ပေးရန် ခေါ်ဆောင်သွားသည်ဟု ဖုန်ငိုင်ယာန် စစ်ရှောင်များက ပြောသည်။
KIAမှမူးယစ်ဆေးဝါးသုံးစွဲသူများကို စတင်စစ်ရှောင်လာချိန်ကတည်းက တားမြစ်ထားပြီး၊ အသုံးပြုသူများကိုလည်း အမြန်ဆုံး ဆေးဖြတ်ရန်နှင့် ဆက်လက်သုံးစွဲမည်ဆိုလျှင် KIAက အပြစ်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။
သို့သော် စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အလျောက် မူးယစ်ဆေးဝါး သုံးစွဲသူများမှာ ယခင်ထက် ပိုမိုများပြားလာသောကြောင့် အောက်တိုဘာလဆန်းကတည်းမှစပြီး KIAက တစ်သုတ်ပြီးတစ်သုတ် ဖမ်းဆီးခေါ်ဆောင်ကာ မူးယစ်ဆေးဖြတ်ပေးနေသည်ဟုသိရသည်။
ဖမ်းဆီးခေါ်ဆောင်ရာတွေလည်း သုံးစွဲသူအပါအဝင် မူးယစ်ဆေးဝါး ရောင်းချသူများအပါ နာမည်စာရင်းနှင့်တကွ အိမ်တိုင်ရာရောက် ခေါ်ဆောင်ခြင်းဖြစ်ပြီး၊ အချို့အိမ်ထောင်စုများမှာ တစ်မိသားစုလုံးသုံးစွဲတာကြောင့် တစ်မိသားစုလုံး ပါသွားသည့် အိမ်ထောင်လည်းရှိကြောင်း သိရသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် အမျိုးသမီးသုံးစွဲသူများလည်း ပါဝင်နေကြောင်း စစ်ရှောင်များက ပြောသည်။
စစ်ရှောင်များပြောဆိုချက်အရ ဖမ်းဆီးခံရသူများထဲတွင် ဆီးစစ်မအောင်သည့်သူများနှင့် နာတာရှည်နေမကောင်းဖြစ်သည့် စစ်ရှောင်များမှာ ပြန်လွှတ်လာပြီး အဝေးရောက်ရှိနေသူအချို့မှာ လွှတ်မြောက်နေသေးကြောင်း သိရသည်။
အောက်တိုဘာလဆန်းပိုင်းမှ စတင်လာသည့် KIA၏ ဖုန်ငိုင်ယာန်စစ်ရှောင်စခန်း မူးယစ်တိုက်ဖျက်ရေး ပထမအသုတ်တွင်မူးယစ်ဆေးအသုံးပြုသူ
ယောက်(၃၀)ထက်မနည်း ဆေးဖြတ်ရန် ဖမ်းဆီးခံရကြောင်းနှင့် ဒုတိယအသုတ်တွင်လည်း အယောက်(၄၀)ထက်မနည်း ဆေးဖြတ်ရန် ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်းထပ်မံသိရသည်။
Comentários