top of page

ဆွမ်ပီယာန်အုပ်စု၊ဝဒတ်ကျေးရွာမှအမျိုးသားများကိုစကစစစ်တပ်မှလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးတစ်ရက်အကြာတွင်ပြန်လည်လွှတ်မြောက်လာ

Writer's picture: Pajau MediaPajau Media

ပါ‌‌‌‌ဂျောင်မီဒီယာ

မေလ ၊ ၁၃ရက် ၊ ၂၀၂၄ ခုနှစ်




ပူတာအိုမြို့နယ်၊ဆွမ်ပီယာန်အုပ်စု၊ ဝဒတ်ကျေးရွာမှရွာသား (အမျိုးသား)များ အားလုံးကို မေ (၁၁) ရက်နေ့တွင်စကစစစ်တပ်မှလူသားဒိုင်းအဖြင့်ဆွမ်ပီယာန်ဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားပြီးတစ်ရက်အကြာတွင် ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်းသိရှိရသည်။


မေ (၁၁)ရက်နေ့တွင် စကစပူးပေါင်းတပ်ဖွဲ့သည် ဆွမ်ပီယာန်အုပ်စု၊ ဝဒတ်ကျေးရွာသို့ ရောက်ရှိလာပြီးနောက်ဆွမ်ပီယာန်ဘက်သို့သွားသည့်လမ်းကြောင်းတွင်ရွာသား(အမျိူသားများအားလုံး) ကိုလူသားဒိုင်းအဖြင့် အတင်းအကြပ်ဖမ်းဆီခေါ်ဆောင်သွားခဲ့သည်ဟုဆိုသည်။


"ဝဒတ်ရွာမရောက်ခင်အရင်တစ်နေ့ကလမ်းမှာတိုက်ပွဲဖြစ်သွားတဲ့နောက်မှာ စကစ စစ်ကြောင်းက ဝဒတ်ရွာကိုဝင်လာတယ်၊အဲ့မှာတစ်ညနေပြီးနောက်တစ်နေ့ရွာသားတွေအားလုံးကိုဖမ်းခေါ်သွားတာဒီနေ့မှဆွမ်ပီယာန်ကနေပြန်လွှတ်လာကြတယ်"ဟု ဝဒတ်ကျေးရွာမှအမျိုးသမီးတစ်ဦးကပြောသည်။



စကစတပ် ခ.လ.ရ (၄၅)တပ်ရင်းနှင့်ပူတာအိုဌာမြေပြည်သူ့စစ်ပူးပေါင်းတပ်သည် ဆွမ်ဘရာဘွမ်မြို့ကို လက်လွတ်လိုက်ရပြီးနောက် မေ (၈) ရက်နေ့ တွင်တဖန်ပြန်လည် စစ်ကြောင်းထိုးလာသည်ဟုဆိုသည်။ ၎င်းပူတာအိုမြို့မှ ဆွမ်ဘရာဘွမ်သို့ ထိုးစစ်ဆင်နေသည့် အင်အား(၁၀၀)ကျော်ရှိ စကစစစ်ကြောင်းကို မေ (၁၀) နေ့တွင် KIA/KPDF ပူပေါင်းတပ်များမှ ဆွမ်ပီယာန်အုပ်စုမရောက်မှီလမ်းခု လတ်တွင် ဖြတ်တိုက်ပြီးအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။


ဆွမ်ပီယာန်အုပ်စု၊ဝဒတ်ကျေးရွာသည်အိမ်ထောင်စုပေါင်း (၁၄)စု မှီတင်းနေထိုင်ကြသောပူတာအို-မြစ်ကြီးနားလမ်း‌ပေါ်မှကျေးရွာတစ်ခုလည်းဖြစ်သည်။လက်ရှိအချိန်တွင်တိုက်ပွဲအခြေအနေများကြောင့်၎င်းလမ်းပိုင်းတွင် ပြည်သူများသွားလာရေးပိတ်ထားသည့်ဒေသတစ်ခုလည်းဖြစ်သည်။


သတင်း- မလိခူး


0 views0 comments

Commenti


Pajau Media

Thanks for subscribing!

bottom of page