top of page

ဆားမှော်ကျေးရွာတွင် နွား ၂၄ ကောင် မိုးကြိုးပစ်ခံရပြီး သေဆုံး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃ရက်၊ မေလ၊၂၀၂၄ခုနှစ်။




မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မေလ ၂ ရက်နေ့က မိုးသည်းထန်စွာရွာပြီး မိုးကြိုးပစ်‌သောကြောင့် နွား ၂၂ ကောင်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။


 မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသောနွား၂၂ကောင်၏ ပိုင်ရှင်သည် ဆားမှော်ဒေသခံ ဒေါ်ကပ်ထုဆိုသူဖြစ်ပြီး ဆုံးရှုံးမှုကြီးမားသောကြောင့် စိတ်ထိခိုက်နေကြောင်း ဒေါ်ကပ်ထုနှင့် နီးစပ်ရာဆွေမျိုးများက ပြောသည်။


 " အဖွားထုရဲ့ နွားက ၂၂ ကောင် တစ်ခြားပိုင်ရှင်တစ်ဦးရဲ့နွားက၂ ကောင် တစ်နေရာထဲမှာဘဲ မိုးကြိုးပစ်ခံရတာ၊ နွားတွေကို ဆားမှော်အရှေ့ဖက်က လယ်ကွင်းထဲ မှာ လွတ်ကျောင်းထားတဲ့အချိန်မှာ မိုးကြိုးပစ်လို့ အကုန်လုံးသေသွားတာ"ဟု ဆားမှော်ဒေသခံတစ်ဦးက ပြောသည်။


 ယမန်နေ့ ညနေပိုင်းတွင်လည်း မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာတွင် လေပြင်းထန်စွာ တိုက်ခတ် သောကြောင့် နေအိမ် တစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page