ပါဂျောင်မီီဒယာ
၂၉ရက်၊မေလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_936024f348a847c88ac20eae812f8829~mv2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_936024f348a847c88ac20eae812f8829~mv2.jpg)
ရန်ကုန်မှ ကချင်ပြည်နယ်သို့ တင်ပို့နေသည့် ဆီသယ်ကားများ ရပ်နားထားရသောကြောင့် ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ တစ်ဖန်ပြန်လည် မြင့်တက်နေသည်ဟု မြစ်ကြီးနား ဒေသခံများက ပြောသည်။
"ဗန်းမော်-မန်းလေးလမ်းကလဲ ပိတ်ထားတာကြာပြီ၊ မြစ်ကြီးနား-မန်းလေး လမ်းကလဲ ပိတ်လိုက်ဖွင့်လိုက်နဲ့ အခုကျတော့ ဘာကြောင့်မှန်း သေချာတော့မသိရဘူး ဆီကားတွေကို မဖြတ်ခိုင်းတော့ဘူး၊ အဲ့တော့ ဆီကားတွေ ပြန်မဝင်လာသရွေ့ကတော့ ဆီဈေးကတက်နေအုံးမှာပဲ။” ဟု မြစ်ကြီးနားမြို့မှ ဆီအရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့အတွင်း ဓာတ်ဆီတစ်လီတာလျှင် ၄၀၀၀ကျပ် နှင့် ဓာတ်ဆီတစ်ပေပါလျှင် ၉သိန်းကျပ်အထိ မြင့်တက်နေပြီး ယခင် မေလလယ်ပိုင်းအထိ တစ်လီတာလျှင် သုံးထောင်ကျော်သာ ရှိခဲ့သည်ဟု ဆိုသည်။
အလားတူ ကုန်သွယ်ရေး ဖြတ်တောက်ခံထားရသည့် ပူတာအိုဒေသတွင်လည်း ဓာတ်ဆီတစ်လီတာလျှင် ၇၀၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။
Comentarios