top of page

စစ်ရှောင်ဦးရေ နေ့စဉ်မြင့်တက်နေသော်လည်း အဖွဲ့အစည်းများထံမှ ကူညီမှုအနည်းငယ်သာရရှိလျက်ရှိ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၃၀ရက်၊ဇန္နဝါရီ၊၂၀၂၅။




မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာရသူများ ခိုလှုံနေထိုင်ရာ စစ်ရှောင်စခန်း (၁၆)နေရာမှ လူဦးရေ(၆၅၀၀)ခန့်အတွက် လိုအပ်သည့် ပစ္စည်းများကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း UNHCRက ဖော်ပြထားသည်။


UNHCRနှင့် မိတ်ဖက်အဖွဲ့အစည်းများက အဆိုပါလူဦးရေ (၆၅၀၀)ခန့်အတွက် လုံခြုံမှုနှင့် လူနေမှုအခြေအနေများအားစောင့်ရှောက်ခြင်း၊ အမိုးအကာမွမ်းမံခြင်း၊ သောက်သုံးရေရရှိမှု ကောင်းမွန်စေခြင်း၊ ဆိုလာမီးတပ်ဆင်ပေးခြင်းနှင့် အခြားသော ထောက်ပံ့မှုများ စီမံဆောင်ရွက်ပေးခဲ့ခြင်းတို့ လုပ်ဆောင်ပေးခဲ့သည်။


လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် ကချင်၊ရှမ်း၊ရခိုင်၊ကရင် စသည့် နိုင်ငံတစ်ဝန်းမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ အများအပြားရှိခဲ့သည်။


Data for Myanmar၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း ၃နှစ်တာကာအတွင်း မြန်မာနိုင်ငံရှိ အရပ်သားပြည်သူနေအိမ်ပေါင်း တစ်သိန်းကျော်ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။


တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ Donald Trump၏ အမိန့်အရ ဒုက္ခသည် လက်ခံရေးအစီအစဉ်များ ရပ်တန့်လိုက်ပြီးနောက် မလေးရှားနိုင်ငံတွင်ရှိနေသည့် မြန်မာနိုင်ငံ ချင်းတိုင်းရင်းသား ဒုက္ခသည်အများအပြား အနာဂတ်မရေရာသည့် အခြေအနေဖြင့် ရင်ဆိုင်နေရသလို၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ(UNHCR)ရုံးမှ ဒုက္ခသည်များ အခြေချနေထိုင်ရေးစင်တာ RCS မှလည်း ချင်းတိုင်းရင်းသားများအား တွေ့ဆုံမေးမြန်းမှုကို ရပ်တန့်ခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့တွင် KIAပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီမှလည်း လေယာဉ်ဗုံး၊ ဒရုန်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင် နေရဆဲ ဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page