top of page

စစ်တပ်မှ ကချင်ခရစ်ယာန်ကျမ်းစာကျောင်းတွင် တပ်စွဲနေထိုင်ရန်ခွင့်တောင်း

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၊ ၈၊ ၂၀၂၄



အာဏာရ စစ်ကောင်စီမှ မြစ်ကြီးနားမြို့မှ ၁၀ မိုင်အကွာတွင် တည်ရှိသော နောင်နန်းဓမ္မကျမ်းစာကျောင်းတွင် အထိုင်ချတပ်စွဲရန် ခွင့်တောင်းလာကြောင်း ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောလာသည်။


ဇူလိုင်လကုန်ပိုင်းအချိန်တွင် စစ်တပ်ဘက်မှ တာ၀န်ရှိသူများ လာရောက်ကာ နောင်နန်းကျမ်းစာကျောင်းမှ တာ၀န်ရှိသူများနှင့် တွေ့ဆုံခွင့် တောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကချင်တစ်ပြည်နယ်လုံး ဖုန်းအဆက်အသွယ်ပြတ်တောက်ပြီးနောက် မြစ်ကြီးနား ဆယ်မိုင်ကုန်းရပ်ကွက်မှ နောင်နန်းခရစ်ယာန်ဓမ္မကျမ်းစာကျောင်းဝန်းအတွင်း တပ်စွဲနေထိုင်ပြီဖြစ်ကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်လာခဲ့ပြီး၊ ၄င်းကိစ္စအပေါ်အခြေခံ၍ ပါ‌ဂျောင်မီဒီယာမှ အတည်ပြုမေးမြန်းရာ ယင်းသတင်းမှာ မဟုတ်မမှန်ကန်ကြောင်း ဒေသခံတစ်ဦးမှ ပြန်လည်ပြောဆိုခဲ့သည်။ “သူတို့က ကျောင်း၀န်းထဲထိ လာပြီး ဒီမှာ တပ်စွဲဖို့ လာမေးတယ်။ အက်ဒါကို ဒီမှာက ကျောင်းသားတွေလည်း အရမ်းများနေတယ်။ ဒီမှာတော့ တပ်စွဲလို့ မရဘူးလို့ ငြင်းလိုက်တယ်။ အခုကတော့ လောလောဆယ် ကျောင်းပုံမှန်တက်နေဆဲပဲ ဖြစ်တယ်။ သူတို့က အခုက ကျောင်း၀န်းထဲမှာ တပ်မစွဲပေမယ့် ဒီဆယ်မိုင်ပတ်၀န်းကျင်အနီးမှာတော့ တစ်ခါတစ်လေ ကင်းလှည့်ပြီး လှုပ်ရှားနေတယ်။ ဘယ်အချိန်ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိရဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျမ်းစာကျောင်းသားတွေနဲ့ ရွာသားတွေကတော့ စိုးရိမ်နေကြတယ်”။


လက်ရှိအချိန်တွင် နောင်နန်းဓမ္မကျမ်းစာကျောင်းဝန်းအတွင်း ကျောင်းသား/သူများ ပုံမှန်ကျောင်းတက်နေဆဲ ဖြစ်ပြီး စစ်တပ်မှလည်း ဆယ်မိုင်ရပ်ကွက်အတွင်း ကင်းလှည့်လှုပ်ရှားမှုများရှိနေကာ ဒေသခံရွာသူရွာသားများ နေအိမ်တွင်း စုပေါင်းနေထိုင်ကြကြောင်း သိရှိရသည်။ ထို့အတူ ကျမ်းစာကျောင်းသားများနှင့် ဒေသခံပြည်သူလူထုများမှာ စိုးရိမ်ကြောက်လန့်နေကြပြီး၊ နောင်နန်းဓမ္မကျောင်းနှင့် နှစ်မိုင်ခန့်အကွာတွင်ရှိသော အမှတ်(၃)ရဲစခန်းဂိတ်တွင်လည်း စစ်ကောင်စီမှ လူအင်အားဖြည့်တင်းထားကြောင်းကို ဒေသခံများပြောပြချက်အရ သိရှိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page