top of page

စစ်ကိုင်းတိုင်းအထက်ပိုင်း မှ မြောက်ပိုင်းတိုင်းစစ်ငှာနချုပ်ရှိရာမြစ်ကြီးနားမြစ်သို့ စစ်ဆင်ရေးအလားအလာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၉၊ ၈၊ ၂၀၂၄



ဩဂုတ်လ ၁၆ ရက်နေ့မှစပြီးပြင်းထန်လာသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် KIAနှင့် ပူးပေါင်းတပ်နှင့် စစ်ကာင်စီတို့အကြား ယခုချိန်ထိပြင်းထန်နေဆဲပင်ဖြစ်သည်။ အင်းတော်နှင့်ထိစပ်နေသော ယင်မာပင်မြို့မှာ ယမန်နေ့တွင် တော်လှန်ရေးသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ စစ်အင်အားအားအလုံးအရင်း လေကြောင်းလိုင်းနှင့်တကွ ယင်းမာပင်မြို့ကို ပြန်လည်ရယူဖို့ ရေကုန်ရေခမ်းတိုက်ခိုက်ပြီးနောက် အင်းအင်းမမျှသောကြောင့် တော်လှန်ရေးအင်အားစုဘက်မှ နောက်ဆုတ်ပြီး မြို့ကို ပြန်ပေးလိုက်ရပါသည်။


စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ တော်တော်များများတွင်ရှိသော စစ်ကောင်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် ပူးပေါင်းတပ်များက ထိုးစစ်များဆင်နွဲပြီးတပ်စခန်းများ တစ်ခုပြီးတစ်ခုသိမ်းပိုက်နေသည့်အတွက် စစ်ကောင်စီဘက်မှ အဆုံးအရှုံးများစွာ ကြုံတွေ့နေရသည်။


စစ်ကိုင်းပိုင်းအထက်ပိုင်းသည် ကချင်ပြည်နယ်နှင့် နီးစပ်လျက်ရှိသောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်တို့သည် ထိုနီးစပ်ရာတပ်စခန်းများကို တိုက်ခိုက်နိုင်လျက်ရှိနေသောကြောင့် မကြာခင်တွင် ကချင်ပြည်နယ်မြစ်ကြီးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ အတွက်ပြင်ဆင်တိုက်ခိုက်နေသည်ဟု ယူဆနိုင်သည်။


စစ်ကောင်စီတပ်များမှာ ကချင်ပြည်နယ်အတွင်းရှိ တပ်စခန်းများစွာ ဆုံးရှုံးထားရသည့်အတွက် လက်ရှိတွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိဒေသများကို လက်မလွတ်ရေးအတွက် ကုန်းကြောင်းလေကြောင်း အင်းအားအလုံးအရင်းသုံးကာ ရေကုန်ရေခမ်းခုခံတိုက်ခိုက်နေလျက်ရှိသည်။


မကြာခင်အချိန်က စစ်ကောင်စီတို့သည် အရှေ့မြောက်ပိုင်းစစ်ငှာနချုပ်အပါအဝင် လားရှိူးမြို့ကို လက်လွတ်ဆုံးရှုံးကာ တော်လှန်ရေးတပ်ကိုပေးအပ်လိုက်ရပြီး လက်ရှိတွင် မြောက်ပိုင်းတိုင်းစစ်ငှာနချုပ်တည်ရှိရာ မြစ်ကြီးနားမြို့လက်မလွတ်ရေးအတွက်သည် စစ်ကောင်စီအတွက် ကြီးမားသည့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာခဲ့သည်၊၊


အင်းတော်မြို့သည် မန္တလေး-မြစ်ကြီးနားရထားလမ်းတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။


0 views0 comments

댓글


Pajau Media

Thanks for subscribing!

bottom of page