top of page

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လ အတွင်းအရပ်သား(၁၀၀)ကျော်သေဆုံး

Writer's picture: Pajau MediaPajau Media

Updated: Dec 30, 2024

ပါဂျောင်မီဒီယာ။

၂၇ရက်၊ဒီဇင်ဘာ၊၂၀၂၄။



စစ်ကောင်စီတပ်နှင့်လက်အောက်ခံ အဖွဲ့အစည်းများ၏တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အောက်တိုဘာလ မှ ဒီဇင်ဘာ(၂၅)ရက်နေ့အထိ ၃လအတွင်း အရပ်သား ၃၀၈ ဦး သေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး ပါဝင်ကြောင်း (AAPP) က ဒီဇင်ဘာ ၂၅ ရက်နေ့တွင်ထုတ်ပြန်ကြေညာထားသည်။


နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် စစ်ကောင်စီတပ်က နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်တိုး၍လုပ်ဆောင်လာသဖြင့် အရပ်သားပြည်သူသေဆုံးမှု နေ့စဥ်နှင့်အမျှတိုးလာနေခြင်းဖြစ်သည်။


လက်ရှိကချင်ပြည်နယ် ဗန်းမော်ဒေသတွင်လည်း နေ့စဥ်ဆိုသလို စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် ဗန်းမော်မြို့တွင်း အရပ်သားထိခိုက်သေဆုံးမှုနှင့်နေအိမ်မီးလောင်ပျက်စီးမှု အများအပြားရှိနေသည်။


စစ်ကောင်စီက လက်လွတ်လိုက်သည့် နယ်မြေများကို ပြန်လည်ရရှိရန် အပြင်းအထန်တိုက်ခိုက်နေပြီး မရရှိပါက ဖျက်ဆီးပစ်မည်ဆိုသောသဘောနှင့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ဝေဖန်ထောက်ပြနေသည်။


တော်လှန်ရေးအင်အားစုများမှလည်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့်ဒေသများတွင် နေထိုင်သူများအနေဖြင့် ဗုံးခိုကျင်းများတူးရန်တိုက်တွန်းထားပြီး လေကြောင်းအန္တရာယ်နှင့် သက်ဆိုင်သည့်အသိပညာပေးမှုများလည်း ပြုလုပ်ပေးနေကြောင်းသိရှိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page