top of page

စစ်ကောင်စီမှယာယီအပစ်အခတ်ရပ်စဲရန် စာထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • 6 days ago
  • 1 min read

ပါဂျောင်မီဒီယာ ။

၁၀ရက်၊ဧပြီလ၊၂၀၂၅။



မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ဖြစ်နေချိန်တွင်း စစ်ကောင်စီတပ်၏လေကြောင်းနှင့် လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကချင် ပြည်နယ်မှ အရပ်သားပြည်သူစုစုပေါင်း ၃၈ ဦးသေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်အရ သိရသည်၊၊


စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီအပစ်ခတ်ရပ်စဲရန် စာထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်အထိ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကချင်ပြည်နယ်တွင် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရရှိမှု အများဆုံးဖြစ်နေကြောင်း သိရသည်၊၊


အဆိုပါလေကြောင်းတိုက်ခိုက်မှု (၆) ကြိမ်သည် မတ်လ(၂၈)ရက်နေ့မှ ဧပြီ (၈) ရက်နေ့ထိ ကောက်ခံရရှိသောစာရင်းအရ ဗန်းမော်တွင် (၃) ကြိမ် ၊ မိုးညှင်းတွင် (၁)ကြိမ် ၊ ဝိုင်းမော်တွင် (၁) ကြိမ် နှင့် ဖားကန့်တွင် (၁) ကြိမ် တိုက်ခိုက်ခဲ့သည်။


စစ်ကောင်စီတပ်ဖွဲ့က ဧပြီ (၂)ရက်နေ့မှ (၂၂) ရက်နေ့ထိ ယာယီ အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန်ထုတ်ပြန်ထားသော်လည်း ယင်းတို့ကိုယ်တိုင် လိုက်နာခြင်းမရှိဘဲ ယနေ့ချိန်ထိ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်၊၊


သတင်း - ဖရိန်း


Comentários


Pajau Media

Thanks for subscribing!

bottom of page