top of page

စစ်ကောင်စီမှ MNDAA ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆန္ဒပြပွဲများ လုပ်ဆောင်ရန် အမိန့်ထုတ်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီီဒယာ

၅၊ ၈ ၊ ၂၀၂၄



ယနေ့ ၅ ရက်နေ့ ညနေပိုင်းမှ တွင် နိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လူထုအတွက် အားပေးစကားနှင့် အကြမ်းဖက် ရှုံ့ချရေးကိစ္စရပ်များ ပြောကြားခဲ့သည်။ ကြံခိုင်ရေးပါတီမှ ဦးဆောင်၍ MNDAA အား ကန့်ကွက်ဆန္ဒပြမှုများလုပ်ဆောင်ရန် ၉၁ လိုင်းကာားများကို CNG ဖြည့်တင်းကာ ကူညီဆောင်ရွက်မှုပြုနိုင်ရန် ပြင်ဆင်ထားကြောင်း သိရှိရသည်။


စစ်ကောင်စီသည် MNDAA ၏ သိမ်းပိုက်မှုများအပေါ် အခြေခံ၍ အမျိုးဘာသာနှင့် သာသနာတော်ကို ထိခိုက်စေသည် ဆိုသည့် ‌ခေါင်းစဥ်အားဖြင့် ပြည်တွင်းအမျိုးသားရေးအစွန်းရောက်အုပ်စုများကို လှုံ့ဆော်ကာ နံနက် ၆ နာရီမှ စတင်၍ ရန်ကုန်မြို့အတွင်း ကန့်ကွက်လှည့်လည် ဆန္ဒထုတ်ဖော်မှုများပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း ၄င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။


MNDAA ၏ ဇူလိုင်လ ၃ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့တွင် တစ်လကြာအပြီးသတ် သိမ်းပိုက်ခဲ့သည့် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အပေါ် ပြည်တွင်း မဘသနှင့် အခြား အမျိုးသားရေးအဖွဲ့များမှ ကျေနပ်မှုများ မရှိကြောင်းကို အမျိုးသားရေးအစွန်းရောက်ဝါဒီများမှ လှုံ့ဆော်ဆန္ဒပြရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းနှင့် တပ်မတော်ထောက်ခံမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းကို သိရှိရပါသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page