ပါဂျောင်မီဒီယာ။
၂ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_42efffd5e606457093ca5a96f0740b1f~mv2.jpg/v1/fill/w_552,h_514,al_c,q_80,enc_auto/c187ce_42efffd5e606457093ca5a96f0740b1f~mv2.jpg)
ပူတာအို လုံရှာယန်ရွာ အနီးတစ်ဝိုက်တွင်စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းကာစစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေပြီး အခုနောက်ပိုင်း အသွားအလာစစ်ဆေးမှုများ ယခက်ကထက် တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်များသည် ပူတာအိုဒေသအတွင်း လုံရှာယန်ရွာနှင့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးအကြောင်းပြကာ အင်အားဖြည့်တင်းလှုပ်ရှားမှုတွေရှိနေတာကြောင့် ပူတာအိုဒေသအတွင်း စစ်ရေးပြင်းထန်လာမည်ကို စိုးရိမ်နေကြရကြောင်း ပူတာအို ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ သတင်းတော့အမျိုးမျိုးကြားနေရတာပဲ အသွားအလာ စစ်ဆေးမှု တွေ အရင်ကထက် ပိုလုပ်လာတယ်၊ အခုကလယ်သိမ်းချိန်လည်း ဖြစ်တယ်၊ ကြားတာတော့ လယ်ယာသိမ်းပြီးသွားရင် စစ်ဖြစ်မယ် လို့ သတင်းတွေ ထွက်နေတော့ စိုးရိမ်တယ်၊ ”
လက်ရှိတွင် ပူတာအိုမှ လုံရှာယန် ဘက် သွားသည့် မည််သူမဆို နာမည်နှင့် မှတ်ပုံတင် ကို ခလရ (၄၆) ဗျူဟာမှုးထံ စာရင်းပေးနေရပြီး စစ်ကောင်စီတပ် က ပူတာအိုမြို့အတွင်း လုံခြုံရေးအတွက် ဟုဆိုကာ ခရီးသွားပြည်သူများ နှင့်ဒေသခံတွေ ကို စစ်ဆေးမှုများပိုမိုတင်းကြပ်စွာလုပ်ဆောင်နေသောကြောင့် တောင်ယာလုပ်၊ ခြံလုပ်သူများ သွားလာရေး ခက်ခဲနေကြောင်း ဒေသခံများထံမှသိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA /PDF ပူးပေါင်းတပ်ဖွဲ့များသည် ဆွမ်ပရာဘွမ်မြို့ကို မေလတွင် သိမ်းပိုက်ပြီးနောက်ပိုင်း ဆွမ်ပရာဘွမ် ပြန်ရရှိရေးအတွက် ပူတာအို -မြစ်ကြီးနား ကားလမ်း လုံရှာယန်နှင့် ဖက်မာရွာဘက်တွင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်ခြင်းများ၊ စစ်ဆေးရေးပိုမိုတင်းကြပ်ခြင်းများ လုပ်လာကြောင်းလည်းသိရသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်းမပေါ်ရှိ ဆွမ်ပီယန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စခန်းချ နေထိုင်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရသည်မှာ (၆) လခန့် ကြာမြင့်လာပီဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်းသိရသည်။
Comments