top of page

စစ်ကောင်စီက မိုးမောက်တပ်ကို ပြန်လည်သိမ်းယူသည်မှာ သတင်းအမှားဖြစ်နေ

Writer's picture: Pajau MediaPajau Media

၂၊ ၉၊ ၂၀၂၄

ပါဂျောင်မီဒီယာ



စစ်ကောင်စီက ဗန်းမောက်ခရိုင်၊ မိုးမောက် ခမရ ၄၃၇တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းသည် သတင်းအမှားသာ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIOက အတည်ပြုခဲ့ပါသည်။


မိုးမောက်နှင့် ဗန်းမော်ကြားရှိ ၆မိုင်ကုန်းတွင် ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီအနေဖြင့် ထိုးစစ်ဆင်ကာ သိမ်းယူမှုများ မရှိသေးပေ။ စစ်ကောင်စီသည် မိုးမောက် ၄၃၇တပ်စခန်းကို လက်လွတ်လိုက်ရသည့်နောက် ဗန်းမော်ဘက်သို့ ယနေ့ စက်တင်ဘာလ ၂ရက်တွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူမှ စစ်ရေးသတင်းအရင်းအမြစ်များထံသို့ အတည်ပြု ပြောကြားထားပါသည်။


ဩဂုတ်လ ၂၄ရက်နေ့တွင် စစ်ကောင်စီသည် ဗန်းမော်ဘက်မှ တင့်ကားအပါ စစ်အင်အားအများအပြားဖြင့် တန်ပြန်ထိုးစစ်ဆင်သောကြောင့် ဗန်းမော်နှင့ မိုးမောက်ကြားရှိ ၆မိုင်ကုန်းတွင် တိုက်ပွဲများဖြစ်နေသည်မှာ ၁၀ရက်ကျော်ရှိနေပြီဖြစ်သည်။


ထို့ပြင် ဩဂုတ်လ ၃၀ရက်နေ့တွင် စစ်တပ်ထောက်ခံသူများက မိုးမောက် ခမရ ၄၃၇တပ်ရင်းကို KIAသိမ်းပိုက်ပြီး ၄ရက်အကြာတွင် စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသောကြောင့် သတင်းတု/မှားများ ပြန့်နှံ့သွားခဲ့ရသည်။ ဤသတင်းတု၊ သတင်းအမှားများကြောင့် ပြည်သူလူထုများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်နေကြရပါသည်။


KIAနှင့် ပူးပေါင်းတပ်များက မိုးမောက် ခမရ ၄၃၇တပ်စခန်းကို ၄လအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၉ရက်နေ့တွင် အလုံးစုံ သိမ်းပိုက်ထားနိုင်ခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page