top of page

စစ်ကောင်စီက ဗန်းမော်မြို့အဝင်အထွက်နှင့်ရေလမ်းကြောင်းပါ ပိတ်လိုက်တာကြောင့် ပိတ်မိပြည်သူများ ခက်ခဲနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၅ရက်၊ဒီဇင်ဘာ၊၂၀၂၄ခုနှစ်။



ကချင်လွတ်လပ်‌ရေးတပ်မတော် KIA၊PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဗန်းမော်မြို့နဲ့ မံစီမြို့တစ်လျှောက် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး၊ တိုက်ပွဲကြောင့်မြို့အဝင်အထွက်နှင့်ရေ လမ်းကြောင်းများ အားလုံးပိတ်လိုက်သောကြောင့် မြို့တွင်း ပိတ်မိပြည်သူများစွာရှိနေကြောင်း သိရသည်။


တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန် ဗန်းမော်မြို့တွင်းက ပြည်သူများသည်ရေးလမ်းမှ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပေမဲ့ ဒီဇင်ဘာလ ၄ ရက် နေ့လည်ကစပြီး စစ်ကောင်စီဘက်က ဗန်းမော်မြို့ရှိ ရေကြောင်းလမ်းကိုပိတ်ဆို့လိုက်တာဖြစ်ကြောင်းဗန်းမော်ဒေသခံတစ်ဦးပြောသည်။


" စစ်စဖြစ်တဲ့ မနက်ကတော့ စက်လှေတွေနဲ့ ရသလောက်တိမ်းရှောင်ကြတာများတယ် ဒါပေမဲ့ နေ့လည်ရောက်တော့ မြစ်ကမ်းနားတွေမှာ စစ်တပ်ကစခန်းချပိတ်လိုက်တော့ ရေကြောင်းလမ်းပိတ်သွားတယ် "လို့ပြောပါတယ်။



ဒါ့အပြင် စစ်ကောင်စီဘက်က ရေကြောင်းလမ်းအပြင် ဗန်းမော်မြို့အဝင်အထွက်ကိုပါ ပိတ်လိုက်တာကြောင့် ဒေသခံပြည်သူတွေ အိမ်ထဲကနေ အိမ်ပြင်ထွက်လို့မရဘူး၊ အိမ်ပြင်ထွက်တာနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့လည်း ဆက်ပြောသည်.။


"ထွက်ပေါက်တွေအကုန်ပိတ်လိုက်တော့ ပိုဆိုးသွားတယ် အိမ်ထဲက အိမ်ပြင်တောင်ထွက်လို့မရဘူး လမ်းပေါ်ထွက်နေတဲ့သူတွေကိုလည်း သေနတ်နဲ့လိုက်ပစ်တယ် " လို့ပြောပါတယ်။


ဗန်းမော်မြို့နဲ့ မံစီမြို့တွင်ဖြစ်ပွားခဲ့သည့်နှစ်ရက်သာတိုက်ပွဲအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာ ပြည်သူ ၁၀ ဦး ထက်မနည်းသေဆုံးကြောင်းလည်းသိရသည်။ KIA ပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာ ၄ ရက်မှ စတင်လိုက်သည့် ထိုးစစ်တိုက်ပွဲသည် မံစီမြို့အပါအဝင် ဗန်းမော်ဒေသတခုလုံးကို အပြီးတိုင်သိမ်းပိုက်နိုင်ဖို့ ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီ တပ်စခန်း ၁၀ ခုခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ပါသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page