top of page
Writer's picturePajau Media

စက်သုံးဆီ မြင့်တက်လာမှုကြောင့် မြစ်ကြီးနား-ပူတာအို ကားပြေးဆွဲသူ ယာဉ်မောင်းများ အခက်အခဲဖြစ်

ပါဂျောင်မီဒီယာ



စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုသို့ ပြေးဆွဲသည့် ခရီး သည်တင်ယာဉ် လိုင်းကား‌မောင်းနှင်သူများ ဆီဖိုးသည်ပင် မကာမိသော အခက်အခဲနှင့် ကြုံနေရကြောင်း လိုင်းကားမောင်းနှင်သူများထံမှ သိရသည်။


စက်တင်ဘာလလယ်မှစ၍ မြင့်တက်လာသော စက်သုံးဆီးဈေးနှုန်းနှင့် နိုင်ငံ‌ရေးအခြေအနေ ကြပ်တည်းလာမှုနှင့် ခရီးသွားပြည်သူနည်းပါးလာခြင်းတို့ကြောင့် ခရီးသည်တင် ယာဉ်မောင်းများ ယခုအခြေအနေ၌ စက်သုံးဆီဖိုးအရင်းပြန်ရရန်ပင် မသေချာသော အခြေအနေ ဖြစ်နေသည်ဟု ဆိုလာသည်။



"ခရီးသည်ခုနှစ်ယောက်နဲ့ ရှစ်ယောက်လောက်တင်တယ်။ ပြီးရင်တခြားကုန်ခြောက်တွေ နည်းနည်းလောက်တင်သွားမှ ဆီဖိုးပြန်ကာမိတယ်။ ကိုယ့်ကိုယုံကြည်လို့ ဖုန်းဆက်လာတဲ့ခရီးသည်တွေကို မိတ်မပြတ်ချင်လို့ ဒီရက်တွေမှာလည်း ခရီးသည်ရှိရင် မနားပဲဆွှဲနေရတာ မလွယ်ဘူး"ဟု မြစ်ကြီးနားမှ ပူတာအိုသို့ ပြေးဆွဲနေသည့် ငါးနှစ်သက်တမ်းရှိပြီဖြစ်သော ဦးအယော် (အမည်လွှဲ)က ပြောသည်။


မြစ်ကြီးနားမှ ဆီတစ်ခါဖြည့်သွားလျှင် ငါးသိန်း‌ ကျော်မှ ခြောက်သိန်းဖိုးလောက်ထိ ဖြည့်သွားရပြီး၊ ခရီးသည်တစ်ဦးလျှင် မြစ်ကြီးနားပူတာအို ခရီးအတွက် ခုနှစ်သောင်းကျပ် ကောက်ကာ၊ ခေါင်းခန်းလိုက်ပါသူများမှာ ရှစ်သောင်းကျပ်ကောက်သည်ဟု ဆိုသည်။



မြစ်ကြီးနားမြို့အတွင်း နိုဝင်ဘာလဆန်းပိုင်းတွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် နှစ်ထောင့်သုံးရာကျပ်ဖြစ်ပြီး၊ ယနေ့ ဒီဇင်ဘာလလေးရက်နေ့တွင် သုံးထောင်ကျော်သို့‌ ဈေးတက်ခဲ့ကြောင်းနှင့် ဓာတ်ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းကြောင့် ယာဉ်မောင်းများသည် နည်းအမျိုးမျိုးဖြင့် ရှာကြံဝယ်ယူရသည်ဟု ဆိုသည်။


ယခင်နှစ်များအတွင်း စက်သုံးဆီစရိတ်နှင့် အခြားလိုအပ်‌သော စက်ပြင်စရိတ်များ နုတ်လျှင်ပင် ကားတစ်ကြောင်း‌ အသွားအပြန်ပြေးလျှင် လေးငါးသောင်းကျန်၍ စားဝတ်နေရေးအဆင်ပြေခဲ့သည်။ သို့သော်ယခုနှစ်တွင်မှု စက်သုံးဆီဈေးတက်မှုနှင့်အတူ အခြားကုန်ဈေးနှုန်းများပါ တရွှေ့ရွှေ့တက်လာမှုကြောင့် အဖက်ဖက်မှ ခက်ခဲလာကြောင်း ကိုယ်တိုင်ကားမောင်းနှင်သူများက ပြောဆိုထားပါသည်။



1 view0 comments

Comments


bottom of page