top of page

စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချကားဝင်းတွင် ကုန်ကားနှင့်တွဲကားများရပ်နားရန်နေရာအခက်အခဲဖြစ်ပေါ်လျှက်ရှိ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၉ရက်၊ မေလ၊၂၀၂၄ခုနှစ်။





မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချဝင်းတွင် ကုန်တင်ကားအရေအတွက်နှင့်ကားကွင်းအကျယ်အဝန်း ကိုက်ညီမှုမရှိသောကြောင့် ဘေးပတ်ဝန်းကျင်နေရာများတွင်သာ အဆင်ပြေသလို ကုန်ကားများထိုးထားရကြောင်းသိရသည်။


"ဒီမှာတော့ အောက်ပိုင်းကလာတဲ့ကားတွေနဲ့ တရုတ်ပြည်နယ်စပ်ဂိတ် ကံပိုင်တည် ဘက်ကလာတဲ့ကားတွေလာစုနေတာဟုတ်တယ်...ကားရောများ လူရောများပဲ...ကျွန်မဆိုင်မှာဆိုထိုင်ဖို့နေရာတောင်မလောက်တော့ဘူး" ဟု အဆိုပါကားဝင်းတွင်စားသောက်ဆိုင်ဖွင့်ထားသော အမျိုးသမီးတစ်ဦးမှပြောသည်။


ထို့အပြင် ကုန်တင်ကုန်ချကားဝင်းအနီးနေထိုင်သူအမျိုးသားတစ်ဦးမှလည်း "လွယ်ဂျယ်လမ်းပိတ်သွားတာလဲပါမယ်နဲ့တူတယ် ပြီးတော့ သူတို့က တွဲကားတွေပဲဆိုတော့ ပစ္စည်းတစ်ခါချ၊ပစ္စည်းတစ်ခါတင်ဖို့တောင် ၃-၄ ရက်လောက်ကြာတယ်....ဝင်းအထဲမှာကျတော့လည်း ကားအစီးရေ ၄၀-၅၀ လောက်ပဲဆံ့တာ အခုကျအစီးရေ ရာဂဏန်းဖြစ်လာတော့ မဆံ့တော့ပဲ ကြုံသလို လမ်းကြားတွေ လယ်ကွင်းတွေမှာရပ်ကြရတော့တာပေါ့...အရင်ကတော့ဒီလောက်ကြီးကြပ်တာမဖြစ်ဖူးဘူး" ဟု ပါဂျောင်မီဒီယာကို ဖြေကြားထားသည်။


ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးကိုအဓိကထားလုပ်ဆောင်လျှက်ရှိသည်။


မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ အဓိကတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ဆန်ကွဲ၊ဆန်၊ဖရဲသီး၊ကြံ၊ငရုတ်သီးခြောက်၊ကော်ဖီမစ်၊ကြက်သွန်နီ၊သခွားမွှေး၊ဇီးဆံ နှင့် ဖရုံသီးများဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိကသွင်းကုန်ပစ္စည်းများမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ သံပိုက်၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ ပန်းသီးနှင့်မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့သည်ဟု (၁၆-၂-၂၀၂၄) တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ပြန်ချက်အရသိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page