top of page

ခရစ္စမတ်ကာလအတွင်းတိုက်ပွဲများဖြစ်လာ‌မည်ကို ပူတာအိုဒေသခံပြည်သူများအထူးပင်စိုးရိမ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၉ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ယခုအချိန်ကာလသည် ပူတာအိုမြို့နယ်ရှိ ကျေးရွာတိုင်းနီးပါး ခရစ္စမတ်နှင့်နှစ်သစ်အကြိုပွဲများအတွက် ပြင်ဆင်၊ ကျင်းပနေကြသည့်အချိန်ဖြစ်သည်။


သို့ရာတွင် လက်ရှိစစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့တို့၏စစ်မျက်နှာပြင်မှာ ပူတာအိုမြို့နယ်ဘက်သို့ဦးတည်လာနေပြီဆိုသည့် သတင်းများကျယ်လောင်စွာ ထွက်ပေါ်လာခြင်းကြောင့်ပြည်သူများအထူးစိုးရိမ်နေကြရကြောင်းသိရှိရသည်။


ဒီဇင်ဘာလ တတိယအပတ်ထဲတွင်ဒေသအတွင်းရှိ နေရာတော်တော်များများတွင်ခရစ္စမတ်ပွဲတော်ကျင်းပကြရန်ပြင်ဆင်နေကြပြီး စစ်ပွဲရုတ်တရက်ဖြစ်လာမည်ကိုပူပန်ကြရကြောင်းဆိုသည်။


"ပူတာအို-မြစ်ကြီးနားလမ်းဘက် ဆွမ်ပီယာန်မှာတိုက်ပွဲစဖြစ်တော့မယ်လို့သတင်းတွေအများကြီထွက်နေပြီ၊အခုဆိုငါတို့က ခရစ္စမတ်ပွဲတော်လုပ်ဖို့ပြင်ဆင်နေကြတာ၊အဲ့ဒီသတင်းတွေကြောင့်ပဲမြစ်ကြီနားဘက်ကဧည့်သည်တွေလည်းမလာနိုင်တော့ဘူး၊လမ်းတွေလည်းစစ်ဖြစ်လာရင်ပိတ်တော့မှာလေ... ပွဲကာလမှာစစ်မဖြစ်ဖို့ပဲဆုတောင်းနေကြတယ်" ဟုဘာသာရေးဆရာတစ်ဦးကဆိုသည်။


ထို့အပြင် ပူတာအို-မြစ်ကြီးနားလမ်းပေါ်ရှိ လုံရှာယာန်အုပ်စုအတွင်းစခန်းချထားသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှလည်း ယခုရက်ပိုင်းအတွင်းလုံရှာယာန်ကျေးရွာနှင့်တန်ဂျာကျေးရွာတို့တွင်ပြည်သူများကိုရွာပြင်သို့ထွက်ခြင်းနှင့်တောထွက်ခွင့်ပိတ်ပင်ထိန်းချုပ်ထားကြောင်းရွာခံပြည်သူတစ်ဦး၏ပြောပြချက်အရသိရသည်။


မြစ်ကြီးနားလမ်းတစ်လျှောက်ရှိကျေးရွာများနှင့်ဆွမ်ဘရာဘွမ်မြို့ရှိပြည်သူများကို တိုက်ပွဲဖြစ်လာပါက လေယာဉ်ဖြင့်ဗုံးကျဲလာနိုင်သောကြောင့် ဘေးလွတ်ရာနေရာများတွင်စစ်ရှောင်တဲများကြိုတင်ဆောက်ထားခြင်း၊ စားနှပ်ရိက္ခာပြင်ဆင်ခိုင်းထားခြင်းများရှိသည်ဟုဆိုသည်။


သတင်း- မလိခူး


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page