ပါဂျောင်မီဒီယာ။
၂၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် အင်အား(၈၀)ခန့်ရှိသော လာဟူဆယ်ပြည်သူ့စစ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်များက ဒီဇင်ဘာ၁၅ ရက် ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့စစ်တပ်နှင့်စစ်ကောင်စီပူးပေါင်းတပ်များကလန်ဆယ်ဒေသသို့ဆက်လက်ထိုးစစ်ဆင်နေသည်ဟုသိရှိရသည်။
"လာဟူဆယ်စခန်းကိုတော့ အရင်တပတ်မှာသိမ်းခံလိုက်ရပြီ၊အဲ့ဒီစခန်းကတော့ခေါင်လန်ဖူးမြို့ရဲ့ကာကင်းပြည်သူ့စစ်စခန်းကြီးတစ်ခုဟုတ်တယ်၊ အဲ့ဒီနေရာကနေဆိုခေါင်လန်ဖူးမြို့ရောက်ဖို့တစ်ရက်ခရီးပဲရှိတော့တယ် အဲ့ဒီစခန်းသိမ်းပြီးတဲ့နောက်မှာဆက်တိုက်ပဲ လန်ဆယ်ဘက်ကိုထိုးစစ်ပြန်လုပ်နေကြတယ်အဲ့ဒီဘက်မှာပြန်တစ်ခေါက်တိုက်ပွဲပြင်းထန်လာဖို့အလားအလာရှိတယ်" ဟုခေါင်လန်ဖူးမြို့ခံပြည်သူတစ်ဦးကပြောသည်။
ခေါင်လန်ဖူးမြို့နယ်၊လန်ဆယ်ဒေသတွင် တိုက်ပွဲများဖြစ်ပေါ်လာပါက စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်သဖြင့် ပြည်သူများထိခိုက်သေဆုံးမှုရှိလာမည်ကို စိုးရိမ်ကြောင့်ကြနေကြသည်။
ယခုကဲ့သို့တိုက်ပွဲများဆက်လက်ပြင်းထန်လာပါက ဒေသခံများအလွန်ဒုက္ခရောက်လာနိုင်ကြောင်းနှင့် ဘေးလွှတ်ရာသို့ရှောင်ပြေးရန်အတွက်လည်းအလွန်အခက်တွေ့နေကြရကြောင်းသိရှိရသည်။
သတင်း- မလိခူး
Comments