ပါဂျောင်မီဒီယာ
၁၅ရက်၊ ဧပြီလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_8d83bbdb45cb4ad2b4fa151f2d254bd1~mv2.jpg/v1/fill/w_720,h_360,al_c,q_80,enc_avif,quality_auto/c187ce_8d83bbdb45cb4ad2b4fa151f2d254bd1~mv2.jpg)
ခေါင်လန်ဖူးမြို့နယ်တွင် ဧပြီလဆန်းပိုင်းတွင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကားလမ်းပိတ်ခဲ့သည်မှာ နှစ်ပတ်တာ ကြာမြင့်လာခဲ့ပြီး၊ ယနေ့အထိ ကားလမ်းပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကားလမ်းပိတ်ဆို့နေခြင်းကြောင့် ပူတာအို-ခေါင်လန်ဖူးသို့ သွားလာ၊ကုန်သွယ်ရေးများလည်း ရပ်တန့်နေဆဲဖြစ်ကြောင်း ခေါင်လန်ဖူးဒေသခံများမှ သိရှိရသည်။
"လမ်းတွေပြိုထားတာက နေရာအများကြီးပဲ။ ဒါပေမယ့် နေရာတော်တော်များများကိုတော့ ရှင်းထားပြီးကြပြီ။တစ်နေရာပဲလိုတယ် အဲ့ဒါက ခေါင်လန်ဖူးဘက်ကနေလာရင် ရီဒမ်းကျေးရွာ ရောက်ခါနီးမှာတောင်အကြီးအကျယ် ပြိုထားတော့ ကား၊ဆိုင်ကယ်တွေ လုံးဝဖြတ်လို့မရတော့ဘူး၊ အားလုံးပိတ်မိနေကြတယ်။ ခြေကျင်နဲ့တောင် အနိုင်နိုင်လျှောက်ရတာ အခုဆိုသုံးပတ်လောက်တောင် ရှိတော့မယ်ထင်တယ်" ဟု ကားသမားတစ်ဦးက ပြောသည်။
![](https://static.wixstatic.com/media/c187ce_2200f96818f945f892b467c7774707f1~mv2.jpg/v1/fill/w_980,h_980,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/c187ce_2200f96818f945f892b467c7774707f1~mv2.jpg)
နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလတွင် ခေါင်လန်ဖူးသွား ကားလမ်းပိုင်းများ မြေပြိုကျမှု ဖြစ်လေ့ရှိနေသော်လည်း ယခုနှစ်တွင် နွေရာသီခေါင်မှာပင် ေမြပြိုကာ ကားလမ်းပိတ်နေသည်ဖြစ်၍ ဒေသခံပြည်သူများ သွားလာရေးနှင့် စားသောက်ကုန်များ သယ်ယူပို့ဆောင်ရေးတွင် အလွန်အခက်တွေ့ကြရကြောင်းဆိုသည်။
ပြင်ဆင်မှုများဆက်လက်ဆောင်ရွက်နေသော်လည်းရီဒမ်းကျေးရွာအနီတွင် ဖြစ်ပွားခဲ့သည့် တောင်ပြိုထားသည့် နေရာသည် ဆိုးဆိုးရွားရွားဖြစ်နေသဖြင့်ပြီးစီးနိုင်ရန် ကြံ့ကြာမှုများ ဖြစ်နေခြင်းဖြစ်ကြောင်းလည်း ထမ်မံသိရသည်။
ယခုအချိန်တွင်ပူတာအို-မြစ်ကြီးနားကားလမ်းပိတ်နေခြင်းအပြင် ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိတ်မိနေသည်မှာ ရက်ရှည်ကာလဖြစ်လာသည့်အပေါ် ၎င်းဒေသမှ ပြည်သူများ အလွန်အခက် တွေ့နေကြရကြောင်း သိရှိရသည်။
သတင်း- မလိခူး
Comments