top of page

ကချင်အထူးဒေသ-၁ ပန်ဝါမြို့တွင် KIO အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်လျက်ရှိ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၈ရက်၊နိုဝင်ဘာ၊၂၀၂၄။



ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူထားပြီးဖြစ်သည့် တရုတ်နယ်စပ် ပန်ဝါမြို့တွင် ပြည်သူများစည်းလုံးမှုအတွက် KIO အုပ်ချုပ်ရေးယန္တရားဖြင့် စတင်အုပ်ချုပ်နေပြီဖြစ်ကြောင်း သိရသည်။


ပန်ဝါမြို့တွင် KIOအုပ်ချုပ်ရေးယန္တရားဖြင့် ရဲစခန်းများတွင် အထိုင်ချမှုများ လုပ်ဆောင်နေပေမယ့် ပညာရေးကျောင်းများ စတင်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်းနှင့် လျှပ်စစ်မီးရရှိမှုများ မရှိသေးသည့်အပြင် လတ်တလော နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားဆဲဖြစ်သောကြောင့် ပန်ဝါဒေသအတွင်း ကုန်ပစ္စည်းရှားပါးသည့် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။


ထို့အပြင် KIO/KIA အနေဖြင့် အုပ်ချုပ်ရေးယန္တရားပိုင်းအား အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီဖြစ်ပေမယ့်၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားနိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။




KIAပူးပေါင်းတပ်ဖွဲ့က ကချင်အထူးဒေသ(၁)ကို ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကတည်းက စတင်ထိုးစစ် တိုက်ခိုက်လာခဲ့ရာ စက်တင်ဘာ၁၈ရက်နေ့တွင် ပန်ဝါမြို့ကို သိမ်းယူထားခဲ့ပြီး၊ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဦးဇခုန်တိန်းယိန်း၏ နေအိမ်အပြင် ပြည်သူ့စစ်၊ နယ်ခြားစောင့်များနှင့် လက်တွဲသူများ၏ နေအိမ်များအားလုံးကို KIAမှ ချိတ်ပိတ်ထားခဲ့ကြောင်း သိရသည်။


လက်ရှိအချိန်မှာတော့ သိမ်းပိုက်ထားသည့် နေရာဒေသများတွင် KIOအုပ်ချုပ်ရေးယန္တရားများ ချမှတ်နိုင်ရန် လုပ်ဆောင်နေသည့် အခြေအနေလည်း ဖြစ်ကြောင်း သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page