top of page

ကချင်အထူးဒေသ(၁)တွင် KIA/ PDF အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၉ရက်၊အောက်တိုဘာ၊၂၀၂၄။





ချီဖွေမြို့နယ်မှ ချန်းမော်ခုန်းဒေသခံ သုံးရာနီးပါးက ကချင်အထူးဒေသ(၁) နယ်မြေအတွင်း KIA/KPDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်လာသည်ကို အလိုမရှိကြောင်း ယမန်နေ့ အောက်တိုဘာ၈ရက်နေ့တွင် ဆန္ဒပြဖော်ထုတ်ခဲ့ကြောင်း သိရသည်။


ဆန္ဒဖော်ထုတ်ချိန်အတွင်း “လူမျိုးသုဉ်းသတ်ဖြတ်နေမှုကို ဝိုင်းဝန်းကာကွယ်ပါ။ အကြမ်းဖက် KIA/PDFအား အလိုမရှိ။ လောဘကြောင့် လူ့အသက်ကို မသတ်ကြပါနဲ့။ ကျွန်ုပ်တို့ကို ပညာသင်ခွင့်ပေးကြပါ။ ပြည်တွင်းစစ် အလိုမရှိ။ ငြိမ်းချမ်းရေးကို ဖျက်စီးနေသည့် KIA/PDFကို အလိုမရှိကြောင်း” စသည့် စာသားပါရှိသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒပြ ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဆန္ဒပြပွဲတွင် ရပ်မိရပ်ဖများအပြင် ကျောင်းသားကျောင်းသူများလည်း အများစု ပါဝင်ခဲ့သည်ဟု ဆိုသည်။


ကချင်အထူးဒေသ(၁)ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး၊ အောက်တိုဘာဆန်းပိုင်းတွင် ချီဖွေမြို့နှင့် ဆော့လော်မြို့ကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားနိုင်ခဲ့သည်။


ထို့အပြင် ပန်ဝါသွားလမ်းပေါ်ရှိ ၁၁မိုင်စစ်ကောင်စီဂိတ်ကိုလည်း အောက်တိုဘာလ ၃ရက်နေ့တွင် KIA က သိမ်းပိုက်ထားပြီး၊ လက်ရှိ ပန်ဝါဒေသတွင် စစ်ရေးတင်းမာကာ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page