top of page

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ကိုယ်ဝန်သည်များနှင့် အမျိုးသမီးများ ကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၈၊ ၇၊ ၂၀၂၄



ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီအကြား ပြင်းထန်နေသာ တကျော့ပြန်စစ်ပွဲများကြောင့် စစ်ရှောင်စခန်းများသို့ ထွက်ပြေးခိုလှုံနေသော စစ်ပြေးဒုက္ခသည် အမျိုးသမီးများနှင့် ကလေးငယ်တို့၏ ဘဝများသည် အနာဂတ်မဲ့နေသကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်အများစုသည်လည်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရရှိမှု အပါအဝင် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရပါသည်။


တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ ရေထဲ ပျက်စီးသွားသဖြင့် စခန်းကို အစမှ ပြန်လည် တည်ဆောက်ရန် လိုအပ်နေသည်။

ကချင်ပြည်နယ် မြေရှားသတ္တုတူးဖော်မှုမြင့်တတ်နေသောကြောင့် မြစ်ချောင်းများတွင် ဓါတ်တုသတ္တုများ စိမ့်ဝင်နေသောကြောင့် မြစ်ချောင်းရေများ အဆိပ်နေပြီး ဧရာဝတီမြစ်က ရေကိုသာ အားထားသောက်သုံးနေရသည်ဟု ဒေသခံစီမှ သိရှိရပါသည်။


ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာတွင် အိမ်ထောင်စု (၁၉၆) စု ၊စုစုပေါင်း လူဦးရေ (၈၈၄)ဦးခန့် ရှိပြီး အသက် ၅ နှစ်အောက် ကလေးသူငယ် (၁၂၃) ဦးရှိကာ အမျိုးသမီး (၄၀၀) ဦး ကျော်ခန့်ရှိနေပါသည်။ ထို့ပြင် ဒိန်ဂျန်ယန်ကျေးရွာတွင် နီးစပ်ရာ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသော အိမ်ထောင်စု (၂၁) စု တွင် ကိုယ်ဝန်ဆောင်မိခင် (၂) ဦး နှင့် နို့တိုက်မိခင် (၂) ဦးရှိနေပါသည်။ လဘန်ကျေးရွာတွင်လည်း ကိုယ်ဝန်ဆောင်မိခင် (၁၁) ဦး ရှိနေသည်။ ခါနန်စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင် (၂၅) ဝန်းကျင်ရှိပါသည်။ မိုးရာသီရောက်ရှိနေပြီ ဖြစ်သည့်အတွက် မိုးကာများလိုအပ်နေကာ မြေစိုစွပ်ချိန် ကိုယ်ဝန်ဆောင်မိခင်များ ချော်လှဲနိုင်ပြီး နို့တိုက်မိခင်များအနေဖြင့် ကလေးအနှီးများ မခြောက်မှု၊ ပိုးမွှားများ မသန့်စင်မှုများကြောင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် မသန်စွမ်းအမျိုးသမီး (၄)ဦးခန့် ရှိပြီး လက်ရှိတွင် မီးဖွားနေသူလည်းရှိကြောင်းသိရပါသည်။


လက်ရှိအချိန်တွင် ဆေးပေးခန်းဟူ၍ သီးသန့်မရှိသည့်ခြင်း၊ လုံလောက်သော အစာအဟာရများ မရရှိခြင်းကြောင့် ကိုယ်ခံအားနည်းခြင်းနှင့် အိပ်မပျော်ခြင်းများ တွေ့ကြုံနေရကြောင်း စခန်းမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှ ယခုလိုပြောသည်။


အထူးသဖြင့် ဆေးဝါး၊ အစားအစာ၊ အာဟာရ၊ ကျန်းမာရေး နှင့် မိုးကာစသော အကူအညီများကို အရေးတကြီး လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်တစ်ဦးမှ ဆက်လက်ပြောပါသည်။

စစ်တပ်ဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မြို့နယ်အများစုမှာ တစ်ကျော့်ပြန်တိုက်ပွဲများ ပြန်ဖြစ်နေကြပြီး အိုးအိမ်များပျက်စီးကာ စစ်ဘေးရှောင်ကလေးနှင့်မိခင်များ မိမိတို့မျော်လင့်နေသည့် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ရန် အလှမ်းဝေးနေဆဲပင်ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page