top of page

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါး‌ရောင်းသည့် ဘိန်းခန်းရှိလာသောကြောင့် ဆေးသုံးစွဲသူများပြားလာပြီးမိသားစုများစားဝတ်‌ နေရေးအခက်အခဲဖြစ်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ


ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူပို၍များပြားလာပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ၏ မိသားစုများစားဝတ်‌နေရေး ခက်ခဲလာကြောင်း သိရသည်။


"ကျမသားကဆေးဖြတ်စခန်းကပြန်လာပြီးဆေးပြတ်ပြီးပြီ ၊ရပ်ကွက်ထဲမှာ ဆေးရောင်းတဲ့သူတအားပေါတော့ ကျမသားက ဆေးပြတ်ပြီးမကြာဘူးဆေးပြန်သုံးသွားပြီ၊ သူဆေးပြတ်ထားတုန်းကဆိုရင် စားဖို့သောက်ဖို့ပြေလည်လာတယ်၊အခုဆိုရင်ဆေးကဈေးတက်သွားတော့ အနည်းဆုံး၅၀၀၀ဖိုးဘဲရောင်းပေးတော့တာ ၊တရက်တရက်ဆေးဖိုးနဲ့စားဖို့‌ သောက်ဖို့က အဆင်မပြေလာတော့ဘူး၊ဆေးကလဲမဖြတ်နိုင် ပိုက်ဆံကလဲရှာရခက်ဆိုတော့ ၅၀၀၀ဖိုးကို တခါထဲမဝယ်နိုင်လို့ လစ်မစ်မပြည့်တော့ နဲနဲချင်းခဏခဏဝယ်ထိုးရတော့ အကြောမှာ အနာတွေကဗလပွဖြစ်ကုန်တယ်"ဟု ဘိန်းဖြူသုံးစွဲနေသော သူ၏မိခင်တဦးမှပြောသည်။




"နန့်စီးအောင်ဂိတ်ပိတ်လိုက်တုန်းကဆိုရင် ပိုက်ဆံရှိရင်တောင် ဆေးက ဘယ်မှာမှဝယ်မရတော့ဘူး၊ယင်းကန်ရင်းဆေးရှာရတာ အရူးလိုဘဲ၊ကိုယ့်ကိုကိုယ်လဲစိတ်ပျက်လာတယ်"

ဟု မူးယစ်ဆေးသုံးစွဲနေသော အသက်၄၀အရွယ်အမျိုးသမီးတဦးကပြောသည်။


"အရင်က မိုးညှင်းမှာ ဘိန်းဖြူပင်နယ်စလင်တပုလင်းကို ၈၀၀၀ကျပ်‌ဘဲရှိတာ၊အခု၃၅၀၀၀ကျပ်ဆိုတော့ ဆေးသမားတွေတိုင်ပတ်ကုန်ပီ"ဟု ဆေးသုံးစွဲသူတဦး၏ဦးလေးမှပြောသည်။


မိုးညှင်းမြို့ တောင်ပေါ်ကျောင်းအနောက်ဖက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဘိန်းခန်းဖွင့်လှစ်ထားပြီး သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူခြင်းမရှိသော်လည်း PDF များဖက်မှ ဝင်ရောက်ဖမ်းဆီးခြင်းများရှိကြောင်းသိရသည်။


သတင်း - ကချင်ပြည်သား



ความคิดเห็น


Pajau Media

Thanks for subscribing!

bottom of page