ပါဂျောင်မီဒီယာ
၂၊ ၈၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_851d0352c9f44cf18e6ed146fd089426~mv2.jpg/v1/fill/w_600,h_400,al_c,q_80,enc_auto/c187ce_851d0352c9f44cf18e6ed146fd089426~mv2.jpg)
ယမန်နေ့ မနက် ၇နာရီတွင်ကချင်ပြည်နယ်မြစ်ကြီးနား ဆွမ်ပရာဘွမ့်လမ်းမ ပေါ်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှတယန်ဇွပ်(TayangZup)နှင့်အင်ဆောပ့်(Nsawp) ကျေးရွာတွင်ရှိသော စစ်ကောင်စီတပ်စခန်း ၂ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
KIA တပ်များသည် စစ်တပ်စခန်းအကြီးရှိသည့် တယန်ဇွပ်တပ်စခန်းကိုသာ အဓိကတိုက်ခိုက်နေကာ အင်ဆောပ့်မှာက ပစ်ခတ်မှုအနည်းငယ်သာရှိနေပြီး ထိုစခန်းနှစ်ခုမှာ မြစ်ကြီးနားမြို့နှင့် ၁၀ မိုင်သာ အကွာအဝေးရှိနေပါသည်။
လွန်ခဲ့သော မတ်လအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်သည် ဆွမ်ပရာဘွမ်မြို့ပေါ်တွင် တိုက်ပွဲစတင်ဖော်ဆောင်ရာ ဆွမ်ပရာဘွမ်နှင့် ၅ မိုင်အကွာတွင့် စစ်ကောင်စီတပ်စွဲထားသော မလိယန်နှင့် ဒိန်ဝါရွမ်တပ်စခန်းကို ပထမဆုံးအကြိမ်သိမ်းပိုက်ခဲ့ပြီးနောက် ၂ လအကြာ မေလ ၅ ရက်နေ့တွင် ဆွမ်ပရာဘွမ်တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိမြစ်ကြီးနား ဆွမ်ပရာဘွမ့်ကားလမ်းတစ်ကြော စစ်ရေးအရ တယန်ဇွပ်မှဆွမ်ပရာဘွမ့်မြို့အထိ KIA တပ်များ ထိန်းချုပ်ဧရိယာဖြစ်ပြီးတယန်ဇွပ်မှ မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကျေးရွာအထိ စစ်တပ်မှ ထိန်းချုပ်ထားနေသေးသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAသည် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း တစ်ကြောလုံးကို ထိန်းချုပ်နိုင်ဖို့ရန်အတွက် ကြိုးစားလုပ်ဆောင်နေပြီး မြစ်ကြီးနားမြို့နယ်ထဲတွင်ရှိနေသေးသည့် စစ်တပ်စခန်းများကိုလည်း ထပ်မံသိမ်းပိုဖို့ရန်အတွက် တိုက်ပွဲဖော်ဆောင်နေပြီးစစ်မျက်နှာပြင်က မြစ်ကြီးနားမြို့နယ်ဘက်သို့ ဦးတည်လျက်ရှိနေပါသည်။
စစ်ကောင်စီတပ်ဘက်မှ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အင်တာနက်ပြတ်တောက်နေချိန် မြစ်ကြီးနားမြို့ အပါအဝင် ပလနကျေးရွာနှင့် နောင်နန်းကျေးရွာပတ်ဝန်းကျင်တစ်ဝိုက်တွင် စစ်ကောင်စီတပ်များက တပ်စွဲထားပြီး လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးရေးတင်းကြပ်လျက်ရှိနေပါသည်။
Comentarios