ပါဂျောင်မီဒီယာ
၂၃ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်
![](https://static.wixstatic.com/media/c187ce_92a3d7a962074c3689f764ee445c506c~mv2.jpg/v1/fill/w_980,h_831,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/c187ce_92a3d7a962074c3689f764ee445c506c~mv2.jpg)
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်လွတ်လပ် ရေးအဖွဲ့ (KIO) ၏ ဌာနချုပ်အဖြစ် တည်ရှိသည့် တရုတ်နယ်စပ် လိုင်ဇာတွင် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက တော်လှန်ရေးနှင့် မျှော်လင့်ချက်၏ သင်္ကေတဖြစ်သည့် ကချင်ပြည်နယ်ဘက်စုံတက္ကသိုလ် (KSCU)ကို လူထု မနာခံမှု လှုပ်ရှားမှု (CDM) ဆရာ/မများနှင့် ပေါင်းစပ်ဖွဲ့စည်း ပူးပေါင်း၍ တည်ထောင်ထားခြင်းဖြစ်သည်။ ဤတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ကသောင်းကနင်း ဖြစ်နေသည့် ကာလတွင် ပြည်သူများ၏ သန္နိဋ္ဌာန် တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်။
တက္ကသိုလ်မှ မကြာသေးမီက ဘွဲ့ရထားသူတစ်ဦးနှင့် သီးသန့်အင်တာဗျူးရာတွင် ၎င်းတက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် မျှော်မှန်းချက်များကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်လာခဲ့သည်။ ကချင်ပြည်နယ်ဘက်စုံတက္ကသိုလ်(KSCU) ကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အစိုးရ (NUG)၊ လူထု မနာခံမှု လှုပ်ရှားမှု (CDM) တက္ကသိုလ်ဆရာ/မများနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ အုပ်ချုပ်မှု တွင် ပါဝင်သော တက္ကသိုလ် ကျောင်းသားများ အကြား ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိန်းချုပ်နယ်မြေ လိုင်ဇာ၊ KIO ၏ ပံ့ပိုးကူညီမှုဖြင့် KIO မှ ဒုဗိုလ်ချုပ်ကြီး-ဂွန်မော်က ဥက္ကဌ အဖြစ် ဆောင်ရွက်လျက် ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်လာသော CDM ပညာတတ်များနှင့် SAC ပါမောက္ခများမှ သင်ကြားပို့ချပေးသောကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တက္ကသိုလ်များနှင့် သင်ရိုးညွှန်းတမ်းဆင်တူသယောင်ရှိသော်လည်း မတူကွဲပြားသည့်အချက်မှာ ၎င်းတက္ကသိုလ်၏ သင်ကြားရေးစနစ်ပင်တည်း။
![](https://static.wixstatic.com/media/c187ce_f88815f7f9f04e85ae8cd7dcd0a69194~mv2.jpg/v1/fill/w_980,h_604,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/c187ce_f88815f7f9f04e85ae8cd7dcd0a69194~mv2.jpg)
၎င်းတက္ကသိုလ်မှ မကြာသေးမီက ဘွဲ့ရထားသူတစ်ဦး၏အဆိုအရ ယင်းကချင်ပြည်နယ်ဘက်စုံတက္ကသိုလ် (KSCU) သည် SAC အစိုးရနှင့် မပတ်သက် မဆက်နွယ်ပဲ မတူကွဲပြားသော်လည်း နာမည်ကြီး နိုင်ငံတကာ တက္ကသိုလ်ကျောင်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် သက်တမ်းနုသေးသည်လို့ပြောရမည်။ သို့သော်လည်း တက္ကသိုလ်၏ အရေးပါမှုကတော့ ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်ရန် အလားအလာရှိနေပြီး မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနှင့်မဆို ပေါင်းသင်းဆက်ဆံနိုင်လာမည်ဖြစ်သည်။ အထူးသဖြင့် SAC မှ လည်ပတ်နေသော တက္ကသိုလ်များမှ ကူးပြောင်းသွားသော ကျောင်းသားကျောင်းသူများ အပါအဝင် အခြားကျောင်းသား/သူများ ၎င်းတက္ကသိုလ်သို့ ကျောင်းလာရောက်အပ်နှံမှု ဆက်တိုက်မြင့်တက်လာသည်ကို တွေ့ရခြင်းအားဖြင့် ပညာရေးအနှောင့်အယှက်ဖြစ်သွားသော ကျောင်းသူ/သားများ ၎င်းတို့၏ပညာရေးကို ဆုံခန်းတိုင်ပြီးမြောက်အောင် လေ့လာနိုင်ဖို့ အခွင့်အလမ်းများ ပေးဆောင်လျက် ရှိကြောင်းတွေ့ရသည်။
မတူကွဲပြားသော ကျောင်းသားများ၏ လိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ပုံမှန်နေ့သင်တန်းနှင့်အဝေးသင်ပညာရေးအစီအစဉ်များ ပေါင်းစပ်ထားသည့်အတွက် ယင်းတက္ကသိုလ်သည် ရုံးဝန်ထမ်းများ၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDP) စခန်းများမှ လာသူများ အတွက်သာမက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့တွင်တာဝန်ထမ်းဆောင်နေသော လူငယ်များအတွက်ပါ တက်ရောက်သင်ကြားရန် အဆင်ပြေသောကြောင့် အလွှာပေါင်းစုံမှ လူငယ်များက တက်ရောက်ဖို့ စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
အထူးသဖြင့် အဝေးသင်ပညာရေးတွင် အားနည်းချက်အချို့ကို တွေ့ရှိရသော်လည်း ကချင်ပြည်နယ်ဘက်စုံတက္ကသိုလ် (KSCU) သည် ၎င်း၏ဌာနဆိုင်ရာများနှင့် မဟာဌာနမှ ဆရာ/မများ အားကောင်းလာအောင် အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့သည်။ မကြာသေးမီက ကျောင်းဝင်း အဆောက်အဦးသစ်ကို စတင်ဖွင့်လှစ်ခြင်းသည် တိုးချဲ့ခြင်းနှင့် တိုးတက်မှုအတွက် ကတိကဝတ်များကို ကိုယ်စားပြုနေခြင်းကိုတွေ့ရသည်။ ထင်ရှားသည်မှာ စိတ်ပညာဌာနသည် အရည်အချင်းပြည့်မီသော ပါမောက္ခများနှင့် ခိုင်မာသော ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကို ဂုဏ်ယူဝင့်ကြွားစွာ ထင်ရှားပေါ်လွင်စေခဲ့သည်။
ကချင်ပြည်နယ် ဘက်စုံတက္ကသိုလ် (KSCU) သည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြားတွင် ခံနိုင်ရည်ရှိရေး မီးရှူးတန်ဆောင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ တိုးတက် ကြီးထွားလာသည်နှင့်အမျှ ပညာရေးဆိုင်ရာ အခွင့်အလမ်းများကို ပေးစွမ်းနေရုံသာမက ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်နေသော ပြည်သူများ၏ မျှော်မှန်းချက်များနှင့် အခက်အခဲများကို ရင်ဆိုင်ရာတွင် တိုးတက်မှုကိုလည်း အကောင်အထည်ဖော် သရုပ်ထင်နိုင်နေဆဲကိုလည်း တွေ့ရပါသည်။
Comments