top of page

ကချင်ပြည်နယ် တိုက်ပွဲအခြေအနေနှင့် ဖုန်းလိုင်းပြတ်တောက်မှုများကြောင့် မြစ်ကြီးနား-ရန်ကုန် ပြေးဆွဲနေသော ခရီးသည်ယာဉ်လိုင်းကား အများစု ရပ်ထားရ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ် မြို့နယ်အချို့ တိုက်ပွဲဖြစ်နေတဲ့အပြင် ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အင်တာနက်၊ ဖုန်းဆက်သွယ်ရေးလိုင်းပြတ်တောက်နေသောကြောင့် မြစ်ကြီးနား-ရန်ကုန် ခရီးစဉ် ပြေးဆွဲနေသော ယာဉ်လိုင်းကားအများစု ရပ်နားထားရတယ်လို့ ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။


ရန်ကုန်-မြစ်ကြီးနားခရီးစဉ်ကို ပြီးခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး အချို့သော အိမ်စီးခရီးသည်တင်ကားများ ပြေးဆွဲနေသော်လည်း အများပိုင်းယာဉ်လိုင်းကားများ ရပ်နာထားဆဲ ဖြစ်ပါသည်။


“ဖုန်းလိုင်းအဆက်အသွယ် မရှိလို့ မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ ရန်ကုန် မှ မြစ်ကြီးနာ တက်သွားတဲ့ ယာဉ်လိုင်းကားအခြေအနေတော့ မသိရဘူးဗျ” ဟု ကာလက်မှတ်ရောင်းသူမှ ပါဂျောင်မီဒီယာသို့ ပြောကြားခဲ့သည်။


ပုံမှန် ရန်ကုန်-မြစ်ကြီးနားခရီးစဉ်မှာ တစ်ညအိပ် နှစ်ရက်ခရီးစဉ် ဖြစ်ပြီး ယခုချိန်မှာ အကြောင်းအမျိုးမျိုး ရပ်နားရတဲ့နေရာတွေများကာ ခရီးစဉ် ကြန့်ကြာမှုများ ရှိနေသည်ဟု သိရှိရသည်။


ယခု မြစ်ကြီးနား-မန္တလေး-ရန်ကုန် ခရီးစဉ်မှာ ဖုန်းလိုင်းအခြေအနေကြောင့် သြဂုတ် လအတွက် ကားလက်မှတ်အရောင်း-အဝယ် ပိတ်ထားပြီး ရန်ကုန်-မန္တလေး-မြစ်ကြီးနားအတက်ကိုတော့ ဖွင့်ထားပေးကြောင်း သိရှိရသည်။ ရန်ကုန်-မြစ်ကြီးနား ကားလက်မှတ် တစ်စောင်လျှင် ၇၅၀၀၀ကျပ်နှင့် ရန်ကုန်-မန္တလေး အထိ ကာလက်မှတ်စောင်ကို ၄ သောင်းကျပ် ပေးနေရပါသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page