ပါဂျောင်မီဒီယာ
၉၊ ၈၊ ၂၀၂၄။
ကချင်ပြည်နယ် ချီဖွေမြို့နှင့် ပန်ဝါမြို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဖြစ်သည့် ဦးဘော်လန်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည်စစ်တပ်နှင့် ပူးပေါင်းကာ မြစ်ကြီးနား– ချီဖွေ– ပန်းဝါ လမ်းသွားလမ်းလာလူငယ်တွေကို ဆက်တိုက်ဖမ်းဆီးမှုများရှိနေပြီး သတ္တုတူးဖော်သည့် လုပ်ငန်းခွင်တွင် လူငယ်များအား လိုက်လံဖမ်းဆီးကာ တပ်သားသစ်စုဆောင်းမှု အပြင်းအထန်လုပ်ဆောင်လျက်ရှိနေပါသည်။
ထိုဒေသများတွင် ရှိသော သတ္တုတွင်းများနှင့် စစ်ဆေးရေးဂိတ်မျာတွင် လူငယ်များကို အတင်းအဓ္ဓမ ဖမ်းဆီးများရှိနေသောကြောင့် လူငယ်များအပြင်မထွက်ရဲကြတော့ပါ။
ဇူလိုင်လ ၂၉ ရက်နေ့တွင် ချီဖွေမြို့နှင့် ၆ မိုင်သာဝေးသော သတ္တုတွင်းရှိလူငယ် ၆ ဦးဖမ်းဆီးသွားပြီး တစ်ရက်တည်းတွင် ချီဖွေမှ၄ မိုင်အကွာ ဖီမှော်နှင့် ပန်ဝါသွားလမ်းဆုံ ဂိတ်တွင်လည်း လူငယ် ၄ ဦးထပ်မံဖမ်းဆီးသွားပါသည်။
ထိုအပြင် ဩဂုတ်လ ၅ ရက်နေ့တွင် ပန်းဝါဒေသရှိ မြေရှားသတ္တုတူးဖော်သောလုပ်ငန်းခွင်တွင်လည်း လူငယ် ၂၀ ဦး နှင့်အထက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အတင်းအဓ္ဓမဖမ်းဆီးခေါ်ဆောင်ခြင်းခံရသေား လူငယ်များကို စစ်ကောင်စီအတွက် စစ်အင်အားဖြည့်တင်းဖို့ရန်အတွက် လိုင်းကားဖြင့် တစ်ရက်ခြား နှစ်ရက်ခြား တစ်စုစီ မြစ်ကြီးနားကို ပို့နေသည်ဟု ချီဖွေဒေသခံတစ်ဦးဆီမှ သိရပါသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုများ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ ဆော့လော်တစ်ခုလုံးကို ထိန်းချူပ်ထားချိန် စစ်ကောင်စီ၏လက်ကိုင်တုတ်ဖြစ်သော ဉီးဘော်လန်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်းကာ ချီဖွေ၊ ပန်ဝါဒေသတွင် ဩဂုတ်လ ၃ ရက်နေ့မှစပြီး တပ်သားသစ်စုဆောင်းနေကြပါသည်။
留言