ပါဂျောင်မီဒီယာ
၃၁၊ ၇၊ ၂၀၂၄

ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန် KBC ဥက္ကဋ္ဌ ဖြစ်တဲ့ သိက္ခာတော်ရ Rev. Mading Hkaw Bawm သည် ဇူလိုင် ၂၇ ရက်နေ့မှာ ဝိုင်းမော်၊ ဝူယန်ပြည်သူ့စစ်တပ်တွေက ပြည်သူ့စစ်တပ်စခန်းဝင်း ပတ်ပတ်လည် နေရာကို ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်ပြီး လုံခြုံရေးပြင်ဆင်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်အတို တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့အတွက်နဲ့စွပ်စွဲချက်တင်ကာ ၎င်းနေ့မှာဖမ်းဆီးခံရခြင်း ဖြစ်ပါသည်။
ထပ်မံ ဖမ်းဆီးခံရသည့် ဆရာ Mading Hkaw Bawm မဒိန်ခေါဘွမ့်မှာ ဝိုင်းမော်မြို့နယ် KBC ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသကဲ့သို့ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင် ပြည်သူများကို စောင့်ရှောက်ကူညီပေးနေသူ တစ်ဦးလည်းဖြစ်ပါသည်။ ယခုချိန်ထိ ပြန်လည်လွှတ်လာခြင်းမရှိသေးဘူး ဟု ဒေသခံများ မှ ပါဂျောင်မီဒီယာသို့ပြောကြားလာခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဟောင်းဖြစ်တဲ့ ဆရာခလမ်ဆမ်ဆွန် ကိုလည်း ၂ ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့ပြီး ယခုလအတွင်းမှာပဲ ပြန်လည်လွတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ပထမအကြိမ်ဖမ်းဆီးမှုမှာ စစ်တပ်မှ ဥပဒေ ပုဒ်မ ၃ ခုနှင့် တရားစွဲဆိုပြီး ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီးနောက် မြစ်ကြီးနားကျဉ်းထောင်မှာ တစ်နှစ်နဲ့ ၃ လကျော် လောက်အကျဉ်းကျခံခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ပထမအကြိမ်ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါသည်။
ယင်းလွတ်မြောက်လာသည့် တစ်ရက်ထဲမှာပင် စစ်တပ်မှ ငြိမ်းချမ်းရေးဆွေးရန် ခေါင်းစဉ်နဲ့ ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်၏ ဧည့်ထောင်တစ်ခု၌ ၃ လဝန်းကျင်လောက် အကျယ်ချုပ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။
ယခုလ အတောအတွင်းမှာပင် မြစ်ကြီးနား စီတာပူရပ်ကွက်မှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်များမှ ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang တို့ ၂ ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိသော မြစ်ကြီးနား မြို့ခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောပြလာပါသည်။
Comments