top of page

ကာလကြာရှည် စစ်ရှောင်လာသည့် ဗန်းမော်စစ်ရှောင်မှ HIVရောဂါအတွက် ARTဆေးထုတ်စားနေသူများမှာ တိုက်ပွဲကြောင့် ဆေးဝါးပြတ်လတ်လာမည်ကို စိုးရိမ်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃ရက်၊မတ်လ၊၂၀၂၅။



ကာလကြာရှည် စစ်ရှောင်လာသည့် ဗန်းမော်စစ်ရှောင်မှ HIVရောဂါခံစားနေရသူများမှ ARTဆေးထုတ်စားနေသူများမှာ တိုက်ပွဲကြောင့် ဆေးဝါးပြတ်လတ်လာမည်ကို စိုးရိမ်နေကြရသည်ဟု ပြောသည်။


ဗန်းမော်တိုက်ပွဲ‌ကြောင့် ဒေသခံများမှာ မန်းနှောင်စစ်ရှောင်စခန်း၊ မံစီမြို့၊ မိုးမောက်မြို့နှင့် မန်ဝိန်းကြီးစစ်ရှာင်စခန်း စသည့်နေရာဒေသ အသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး၊ အဆိုပါစစ်ရှောင်များတွင် HIVရောဂါအတွက် ကာလကြာရှည် ARTဆေးထုတ်စား နေထိုင်သူ အလွန်များပြားကြောင်း သိရသည်။


လက်ရှိဗန်းမော်မြို့အတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် HIVဖျားနာသူများအတွက် ဗန်းမော်မြို့နှင့် နီးစပ်ရာ လိုင်ဇာမြို့တွင်း ARTဆေးထုတ်စားရန် အခက်အခဲဖြစ်လာပြီး၊ မြစ်ကြီးနားမြို့သို့ သွားရောက်ထုတ်စားရန်လည်း လမ်းခရီးခက်ခဲကာ ခရီးစရိတ်ဈေးကြီးလွန်းသောကြောင့် မထုတ်စားနိုင်ကြောင်း ပြောသည်။


ထို့ကြောင့် အချို့သက်ကြီးရွယ်အိုများနှင့် ကာလကြာရှည် ဆေးထုတ်စားကာ မှီဝှဲသုံးစွဲနေသူများမှာ စစ်ပွဲကြောင့် အဆိုပါ ဆေးဝါးပြတ်လတ်ပြီး၊ အသက်ရှင်နေထိုင်ရန် ခက်ခဲလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်းနှင့် ဒေသခံများပြောဆိုချက်အရ ဗန်းမော်ဒေသမှ မြစ်ကြီးနားမြို့သို့ ခရီးသွားရန် ကားစရိတ်မှာ ခရီးသည်တစ်ဦးလျှင် သုံးသိန်းကျော်အထိ ရှိနေကြောင်း သိရသည်။






ARTဆေးထုတ်စားနေသူများမှာ ဆေးဝါးမပြတ် သောက်သုံးနေထိုင်လိုကြောင်းနှင့် စစ်ပွဲကြောင့် ဆေးဝါးပြတ်လတ်လာမည်ဆိုလျှင် အသက်သေဆုံးမည့်အချိန်ကိုသာ မျော်လင့်စောင့်ဆိုင်းနေသလို ဖြစ်သွားနိုင်သည်ဟု ဆိုသည်။


လက်ရှိ စစ်ရှောင်စခန်းများအတွက် ARTဆေးသာမက တီဗွီရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည်ရောဂါ၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်မှအစ အခြားသောရောဂါသည်များအတွက် ဆေးဝါးကူညီထောက်ပံ့မှုများ အများအပြား လိုအပ်နေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကုသမှုများ လိုအပ်နေကြောင်း စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


သတင်း - ထုဆိုင်း




Kommentarer


Pajau Media

Thanks for subscribing!

bottom of page